သေပြီ..!!
မနေနိုင်တဲ့ နတ်ဘုရားတစ်ပါးလောက် အမိုက်မဲလေး Myungho ကို ဆင်းကယ်ကြပါအုံး..
ဒီမယ်..သနားစရာ Myungho လေး ချောင်ပိတ်ဖမ်းခံနေရပြီ..အသံနှင့်အတူ တစ်ဖက်က တုံ့ဆိုင်းခြင်းမရှိ နီးကပ်လာတဲ့အနေအထားမှာ Myungho ခန္ဓာကိုယ်မှ ဝိဥာဥ်လေးကတော့မရှိတော့..
အာစေးမိကာ ဝိုင်းစက်နေတဲ့ မျက်လုံးပြူးပြူးလေးတွေနဲ့ Myungho ကတော့ ရုတ်တရက် သူ့မျက်နှာနားကို နီးကပ်သည်ထိ တိုးလာကာ လည်တိုင်လေးနားဆီ ကိုင်းချလာတဲ့ မျက်နှာချောချောကြောင့် ယောင်ယမ်းပြီးပင် မျက်ဝန်းတို့ကို စုံမှိတ်ထားလိုက်မိ၏ ။
အချိန်တွေ ရပ်နေတာလား? ဆက်သွားနေတာလား?
စင်တီမီတာအနည်းငယ်သာကွာဝေးတော့တဲ့ အနေအထားမှာ လည်တိုင်နားက ဝင်လေထွက်လေနွေးနွေးကို ခံစားနေရတော့ ခန္ဓာကိုယ်တွင်းက သွေးကြောတွေက ပူပြင်းလာသည်။ဒါပေမယ့် လက်ဖဝါးလေးနှစ်ဖက်ကတော့ ဆန့်ကျင်စွာ အေးစက်တောင့်ခဲနေပြီဖြစ်သည်။လေးဖက်လေးတန် အုပ်မိုးနေသည့်အရပ်ကြီးနှင့်
မျက်နှာချင်းဆိုင်က ရင်ခွင်ကျယ်ထဲမှာ သူ့ခန္ဓာကိုယ်လေးက မြှုပ်နေလျက်အတိုင်းသား။နည်းနည်းနောနောမဟုတ်ပဲ သိသိသာသာပိုရှည်နေသည့် အရပ်ကြီးနှင့် နီးကပ်လွန်းမက နီးကပ်နေသည့် အခြေအနေ။
ခုချိန်ထိ အသားချင်း လုံးဝမထိသေးတာတောင် လည်တိုင်ဆီ ထိစပ်တော့မတတ် ကိုင်းညွှတ်ထားသည့် တစ်ဖက်လူရဲ့ မျက်နှာ.."မင်းဆီကရတဲ့ ရနံ့လေးကို ကိုယ်မှတ်မိတယ် Myungho"
???
ချက်ချင်း လက်ငင်းကြီး Myungho ခေါင်းကြီး ဇောက်ထိုးဖြစ်သွားပြီဟုပင် ထင်လိုက်မိသည်.။
ပြောလိုက်သည့် အာငွေ့နွေးနွေးက လည်တိုင်ကို တိုက်ရိုက်ကျီစယ်ပြီး ထွက်ကျလာသည့် စကားလုံးတို့က ဘယ်အခြေအနေထိ ဦးတည်သွားနေပြီမှန်း Myungho ဥာဏ်မမှီတော့။
ခန္ဓာကိုယ်က ပူလောင်နေရာကနေ ကျောမှီထားရာ နံရံကပ်ကြွေပြားရဲ့ အေးစက်မှုက ခန္ဓာကိုယ်၏ ဟိုးအတွင်းဆုံးထိ စိမ့်ဝင်လာသည်ဟု ထင်မိလာရပြန်၏ ။
ခုချိန်ထိ အသိစိတ်မကပ်နိုင်ဖြစ်နေသေးရသည့် သူ့စိတ်သူ အားတင်းပြီး ခန္ဓာကိုယ်ကို အနည်းငယ်ပြုပြင်မည်လုပ်တော့ အရမ်းကြီးကို နီးကပ်နေလွန်းရသည့် အနေအထားက မျက်လုံးကို စုံမှိတ်ထားလျက်ကပင် တံတွေးကို ခက်ခက်ခဲခဲ ဖျစ်ညှစ်မျိုချလိုက်ရင်းက လည်ချောင်းထဲက ခြောက်ကပ်ကပ် အသံကို အားပြုထုတ်လွှင့်လိုက်သည်။