ချွေးတွေ တဒီးဒီးကျနေအောင် မောပန်းနေမိပြီး လက်လေးတွေ မြောက်ဖို့ပင် Myungho အားမရှိတော့။
ရင်းရင်းနှီးနှီး နေကြရအောင်လို့ ပြောပြီးနောက် အရင်က ခပ်တည်တည် သခင်လေး အလွှာတွေအားလုံးကို အလုံးစုံခွာချပြီး တစ်ခါမှ မမြင်ဖူး မကြားဖူးသည့် အသံတွေထွက်ကာ တတ်ကြွနေသည့် Kim Mingyu ရဲ့ အန်နာဂျီတွေကို Myungho ဘယ်လိုမှ လိုက်မမှီနိုင်တော့။"ဒီတစ်ခေါက် ပြီးရင် တော်ကြရအောင် နော် Mingyu ၊ ငါ မရတော့ဘူး ၊ အသက်ထွက်တော့မယ်"
"အဟွန်း ကျွန်တော်လို့ ပြောပါဦးလား Myungho Yaa~"
"မစနဲ့တော့ ၊ တော်ပြီ လွှတ်တော့"
လွှတ်တော့ဆိုမှ Myungho ခါးလေးကို သူ့လက်နှစ်ဖက်နှင့် ထိန်းမ,ကာ အလွှတ်မပေး အပေါ်သို့ မြှောက်တင်ပေး၏ ။
"အင့်..မရတော့ဘူးလို့"
"ခုမှ ဘယ်လောက်ရှိသေးလို့ တော်ကြောင်း ပြောနေရတာလဲ"
"ငါ တကယ်မရ..မရတော့ဘူးလို့ Kim Mingyu! !"
"ဘာလို့ မရ,ရတော့တာလဲ ၊ ကိုယ်ထိန်းပေးနေတာကိုကွာ"
"မင်းက အလေ့အကျင့်ရှိပြီး သက်လုံကောင်းတယ်လေ"
"အဲ့တာကြောင့် ခု လေ့ကျင့်ပေးနေတာပဲလေကွာ"
"ဟင့်အင်း တော်ပြီ"
Myungho အသံလေး အတော်ပင် ခံနိုင်ရည်မရှိ ယဲ့ယဲ့လေးကျန်မှ ခါးလေးကို လက်နှစ်ဖက်နှင့် အသာထိန်းကာ လေ့ကျင့်ခန်းကို အဆုံးသတ်စေ၏ ။
"နောက်နေ့ ဒီလိုဟာတွေ train တာမျိုး မလုပ်ပဲနဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးပဲ လုပ်ရအောင် Mingyu ၊ ငါက မင်းလို ဘော်ဒီရှိတာမဟုတ်ဘူး ၊
ငါ့အရိုးလေးတွေ ကျိုးကုန်လိမ့်မယ် သိလား Kim Mingyu"မနက်စောစော work out လုပ်သည့်နေရာမှာ Myungho အသံလေးက တစာစာ။
Mingyu အရန်သင့် အဖုံးဖွင့်ပေးပြီး Myungho ဆီ လှမ်းပေးတဲ့ ရေဘူးလေးကို ပါးစပ်က မသောက်အားသေးပဲ လူနှင့်မလိုက်သည့် လေ့ကျင့်ခန်းတွေကို မနက်စောစောစီးစီး သူနှင့်အတူ လုပ်ခိုင်းသည့်အတွက် မကျေနပ်ချက်တွေက ကရားရေလွှတ် တတွတ်တွတ်နှင့် နှုတ်ခမ်းဖျားက အစီအရီ ထွက်ကျလာ၏ ။