ကင်မ်ဟယ်ဝန်း သူမက လှတယ်။
အထက်တန်းဒုတိယနှစ်ရဲ့ တန်းခွဲအေမှ အလှနတ်သမီး။ဟယ်ဝန်း ဖက်ရှင် ကုမ္ပဏီမှ CEO ရဲ့ တစ်ဦးတည်းသော သမီးဖြစ်သလို သူမကိုယ်တိုင်ကလည်း ကြွေရုပ်လေးလို လှပတာမို့ ကျောင်းသားအများစုထဲ နာမည်ကြီးတယ်။
သူမမိသားစုရဲ့ အသိုင်းဝိုင်းကလည်းကြီး ငယ်ဂုဏ်လည်းရှိတော့ အလှနတ်သမီးပီပီ မာန်လေးကကြီးချင်ချင်။
တော်ရုံချည်းကပ်လာတဲ့ ယောင်္ကျားတွေကို စိတ်ထဲမပြောနဲ့ အကြည့်တစ်ချက်တောင် မတုံ့ပြန်တက်။
ထိုသို့ ငယ်ရွယ်နုပျိုလှပမှု မာန်မာနများဖြင့် ပြည့်နှက်နေသည့် သူမရဲ့ စိတ်ကို လှုပ်ရှားစေတဲ့ ယောင်္ကျားလေးဆိုလို့ တန်းခွဲဘီမှ ဂျွန်ဂျောင်ဂု တစ်ယောက်တည်းသာ ရှိတယ်။အမှတ်မထင်တွေ့ဆုံမှုကနေ သူမရဲ့ နှလုံးသားကို ပေးလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။အခုထိမှတ်မိနေပါသေးရဲ့။
ဂျောင်ဂုနဲ့စဆုံတဲ့ နေ့လေးကို..."အော!"
စင်ပေါ်မှာ မိမိလိုချင်သည့် စာအုပ်ကို တွေ့ပြီမို့ လှမ်းယူလိုက်စဉ်မှာပဲ သူမ နည်းတူ စာအုပ်ကို ဖမ်းဆွဲလာတဲ့ နောက်လက်တစ်ဖက်။ငဲ့ကြည့်မိတော့ မိမိကို ပြန်လည်ငုံ့ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းတို့ဖြင့် ဆုံသည်။
ခေါင်းတစ်လုံးစာပိုမြင့်သော အရပ်ကြောင့် သူမဟာ သူ့ရင်ခွင်ထဲရောက်လုနီးပါး ဖြစ်နေတာမို့ အရိုင်းဆန်သော သူမနှလုံးသားဟာ ချက်ချင်းဆိုသလို လှုပ်ခတ်လာသည်မှာ မရပ်မနား။
သူမ ဘာကိုမှ ပြန်မတုံ့ပြန်နိုင်သေးခင် စာအုပ်ကိုထိကိုင်ထားတဲ့ သူဟာ လက်တို့ပြန်ဖယ်သွားကာ..."မင်း အရင်ရွေးထားတာဆိုတော့ ယူလိုက်ပါ..."
ချိုမြသောအသံနှုန်းက နားထဲသို့ ငြင်သာစွာ ဖြတ်လို့သွားသည်။
ရင်ခုန်နေမှုကြောင့် ဦးစားပေးသွားသူကို ကျေးဇူးတင်စကားပင် မပြောလိုက်ရ။
စာအုပ်စင်ရဲ့ အခြားတစ်ဖက်ဆီသို့ ထွက်သွားပြီဖြစ်သော နောက်ကျောပြင်ကိုသာ ငေးရင်း နှုတ်ခမ်းပါးတို့ဟာလည်း ပြုံးမိသွားရတယ်။ဘယ်သူမှန်းမသိပေမယ့် သူမ ကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားကို တွေ့ပြီမို့ နောက်တစ်ခေါက်ပြန်ဆုံနိုင်ဖို့ကိုလည်း ဆုတောင်းမိသည်။ဆန္ဒတို့ပြည့်ဝပါတယ်။
ထပ်ဆုံဖို့ဖန်လာစေတဲ့ အကြောင်းတရားက သူမအတွက် ကံစမ်းမဲပေါက်သလိုမျိုး ဝမ်းသာမှုကို ပေးနိုင်ခဲ့တယ်။
YOU ARE READING
FRI(END)S
Fanfiction"Friend" ဆိုတဲ့ စကားလုံးမှာ "End" ပါနေသလိုမျိုးပဲ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ကြရအောင်။ JJK&KTH