(6)

1.1K 192 41
                                    

"အာ.....စိတ်ရှုပ်လိုက်တာ..."

သင်္ချာအိမ်စာကိုတွက်နေတဲ့ ထယ်ယောင်းဟာ စိတ်ရှုပ်လာတာကြောင့် ရေးလက်စစာရွက်ကို ဘောပင်နဲ့ဆွဲခြစ်ပစ်လိုက်သည်။
ကျောင်းစာကို အာရုံထားကာလုပ်နေသည့်တိုင် ထယ်ယောင်းမှာ အာရုံစိုက်လို့မရ။
ထိုသို့ အာရုံတွေပြန့်အောင်အထိ ခေါင်းထဲမှာ ဆက်တိုက်တွေး နေမိသည်က မနေ့တုန်းက ကားပေါ်မတက်ခင် ဂျောင်ဂု ပြောလိုက်တဲ့ စကားပင်။
အဲ့ဒါက ဘာကြီးမို့လို့များ အခုလိုမျိုး တစ်နေကုန် လေးလေးနက်နက်တွေးမိနေသလဲဆိုတာ ထယ်ယောင်းလည်း နားမလည်ဘူး။
ဂျောင်ဂုဘက်က ထိုမေးခွန်းကို မေးတုန်းက အကြည့်တွေကအစ လေးနက်လို့နေခဲ့တာ။
တည်တံ့နေတဲ့ မျက်နှာထားကို သူကားပေါ်မတက်ခင် သေချာမြင်ဖြစ်အောင်မြင်ခဲ့သေးတာမို့ ပိုပိုပြီး အာရုံထဲကနေ ထုတ်လို့မရနိုင်ဘူး။သူငယ်ချင်းထားတာ အပြစ်မဟုတ်သည့်တိုင် ဂျောင်ဂုကတော့ ကျွန်တော့်ကို သဝန်တိုနေသည့် ပုံစံမျိုးပါ။
ဒီလိုဖြစ်တာကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါသည်။ဘာလို့ဆို ဂျောင်ဂုအတွက် ကျွန်တော်က အခင်မင်ရဆုံးတစ်ဦးတည်းသောသူ ဖြစ်တာမို့ အခြားသူနဲ့တွဲရင်မကြိုက်ပဲ အူတိုတာကိုလည်း နားလည်လို့ရပေမယ့် ကျွန်တော့်စိတ်ကြိုက် လုပ်ခွင့်မပေးပဲ  တစ်ဖက်သတ်လိုက်ပိတ်ပင်နေတာကြီးကတော့ စည်းကျော်တယ်လို့ ထင်မြင်မိ၏။

ကျွန်တော်ကတော့ ဂျောင်ဂုအပေါ် ထိုသို့ သဝန်တိုတာမျိုး တစ်ခါမှ မဖြစ်ဘူးတာကြောင့် အခုလက်ရှိ သူ့ရဲ့ ထိုအပြုအမူကို နားလည်ပေးရန် အတော်လေးခက်ခဲလို့နေပါသည်။

"ထယ်ယောင်းရေ မမ ဝင်လာခဲ့မယ်နော်..."

ခွင့်တောင်းလာသည့် မမရဲ့အသံကြောင့် ထယ်ယောင်းရဲ့ မရေမရာ အတွေးတို့ရပ်တန့်လို့သွားရ၏။

"ဟုတ်ကဲ့ မမ..."

"ဘာလုပ်နေတာလဲ?"

"အိမ်စာ မမ....ဝါးးးးငါတို့ မမက လှနေပါလား....အပြင်သွားမလို့လား?ဘာလဲ...ဒိတ် ?? "

အခန်းထဲဝင်လာသည့် မမဟာ အိမ်နေရင်းအဝတ်အစားများနဲ့မဟုတ်ပဲ  မိတ်ကပ်လိမ်းထားကာ မိတ်ကပ်ရောင် ဂါဝန်ကိုယ်ကျပ်လေးနဲ့အရမ်းကြည့်လို့ကောင်းနေတာမို့ ထယ်ယောင်းမေးလိုက်တော့ မမကပြုံးသည်။
ထယ်ယောင်းရဲ့ ခန့်မှန်းအပြောက မှန်သွားသလိုမျိုး မမရဲ့ထိုအပြုံးမှာ ရှက်ပြုံးဖြစ်ကာ မခို့တရို့အမူယာအနည်းငယ်ဖြစ်နေပြီး...

FRI(END)SWhere stories live. Discover now