"အစ်ကိုကြီးရဲ့ သားက ကျွန်မကို စိတ်ဆိုးသွားပြီ ထင်တယ်..."
ညစာ စားလို့မပြီးခင်မှာပဲ နှုတ်ဆက်ကာ ထပြန်သွားတဲ့ သားကြောင့် ထယ်ဟီးထံမှ စိုးရိမ်ရိပ်သန်းနေတဲ့ အသံထွက်လာသည်။
စိတ်အရမ်းမပူရန် နှစ်သိမ့်ပေးဖို့အတွက် ဂျောင်ဂု၏ဖခင်မှာ အသာယာပြုံးပြလိုက်မိရင်း..."သားက ငယ်သေးတာကြောင့်ပါ...သူ့အနေနဲ့စိတ်ဆိုးမယ်ဆိုလည်း စိတ်ဆိုးသင့်တာမို့ ကျေးဇူးပြုပြီး ကိုယ့်သားကို အပြစ်မမြင်ပါနဲ့ဦး.....သူ့အမေနေရာမှာ အခြားသူကို အစားမထိုးစေချင်တဲ့ စိတ်နဲ့ ကန့်လန့်တိုက်နေတာပါ.....စိတ်ရင်းကောင်းတဲ့ ကလေးပါ"
"ထယ်ဟီး အစ်ကိုကြီးသားကို အပြစ်မမြင်ပါဘူး.....ကျွန်မမှာလည်း မောင်လေးတစ်ယောက်ရှိတော့ ဒီအရွယ်တွေရဲ့ စိတ်သဘောထားကို နားလည်ပေးနိုင်ပါတယ်....ပြီးတော့ အစတည်းက အမေအဖြစ်သတ်မှတ်ပေးဖို့အထိ မမျှော်လင့်ထားပါဘူး....ကျွန်မအနေနဲ့ဘယ်လိုလုပ်ပြီး လောဘတက်ရဲပါ့မလဲ။ဒါပေမယ့် အစ်ကိုကြီးသားကို မိဘတစ်ယောက်နေရာကနေ ပြုစုစောင့်ရှောက်နိုင်မယ့် ယုံကြည်ချက်တွေရှိတယ်....ဒါတွေအားလုံးကို ဂျောင်ဂု လက်ခံလာနိုင်တဲ့အထိ ဖြေးဖြေးချင်း အချိန်ယူပြီး သက်သေပြသွားပါ့မယ်..."
"ကိုယ် မင်းကို ယုံပါတယ်....သားလည်း မင်းရဲ့ စေတနာတွေကို နားလည်လာမှာပါ...ဒါနဲ့ မင်းရဲ့ မောင်လေးကိုရော ကိုယ်တို့အကြောင်း ပြောပြပြီးပြီလား..."
"ဟင့်အင်း အခုထိတော့ မပြောပြရသေးဘူး....ဒီတစ်ခေါက် ပိတ်ရက်ကျရင်တော့ သေချာပြောပြဖို့ စီစဉ်ထားပါတယ်..."
"ကောင်းပြီလေ.....ပြောပြပြီးတဲ့အခါ ကိုယ့်ကိုလည်း သူနဲ့ မိတ်ဆက်ပေးပါဦး....တော်ကြာ မင်္ဂလာပွဲကျမှ ယောက်ဖလောင်းကို မိတ်ဆက်ရမယ့် အခြေနေတွေ ဖြစ်နေပါ့မယ်..."
အစ်ကိုကြီးရဲ့ အရွှန်းဖောက်တဲ့စကားကြောင့် ထယ်ဟီးမှာ အသံလေးထွက်သည်အထိ ရယ်လိုက်မိ၏။
သူမ မောင်လေးကရော သူမရဲ့ ဒီကိစ္စကို လက်ခံနိုင်ပါ့မလားလေ။သေချာပေါက် အများကြီး အံ့ဩသွားမှာကို သိထားပေမယ့် ဒီလမ်းကို ရွေးချယ်လိုက်တည်းက နောက်ပြန်လှည့်ဖို့ကိုရော နောင်တမရဖို့ကိုပါ ယုံကြည်ချက်ထားခဲ့ပြီးသားမို့ ဘယ်သူတွေ ဘယ်လိုပဲ ကန့်ကွက်ပါစေ ဆက်လျှောက်ပါမည်။ပါတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ပဲ ခေါင်းမော့ရင်ကော့လျက် ရင်ဆိုင်ဖို့သာ အဆင်သင့်ပြင်ထားသည်။
လောကကြီးက ကိုယ့်ကို ထိုးနှက်ကာ အမြဲပြိုလဲအောင် လုပ်တက်ပေမယ့် ပြန်ထဖို့မထဖို့ကို ဆုံးဖြတ်ရမှာကတော့ ကိုယ့်ရဲ့ ရွေးချယ်ခွင့်ပဲ မဟုတ်လားလေ။
.
.
.
.
.
.
.
.
.
.
"ကျေးဇူးပဲ ထယ်ယောင်း....ငါနဲ့တူတူ အဖော်ပြုပေးလို့..."
YOU ARE READING
FRI(END)S
Fanfiction"Friend" ဆိုတဲ့ စကားလုံးမှာ "End" ပါနေသလိုမျိုးပဲ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ကြရအောင်။ JJK&KTH