(25)

1.1K 146 26
                                    

"ထယ်ယောင်း နေကောင်းပြီဆိုတာ သေချာရဲ့လား....မင်း ကြည့်ရတာ အခုထိ မလန်းမဆန်းနဲ့...."

"ကျွန်တော် တကယ် သက်သာပါတယ် Hyung ရဲ့...."

"တကယ်လို့ အဆင်မပြေရင်လည်း ပွင့်ပွင့်လင်းလင်းပြောနော်....ညပိုင်းကို Hyung တာဝန်ယူပေးမယ်.."

"မဟုတ်တာ....ကျွန်တော် နေမကောင်းတဲ့ရက်အတွင်း နေ့ရောညပါဆင်းပေးထားတာနဲ့တင် ကျေးဇူးတင်နေရပြီကို....ကျွန်တော်က အဲ့ဒီနေ့တွေအတွက်ပါ တစ်နေကုန်ဆင်းရင်း ပြန်အစားထိုးပေးပါ့မယ်..."

"မဟုတ်တာပဲကွာ....ဒီလိုပဲ လုပ်ဖော်ကိုင်ဘက် အချင်းချင်း ကူညီရမှာပေါ့...."

ထယ်ယောင်း ဒီနေ့မှ အလုပ်စဆင်းတာမို့ လုပ်ဖော်ကိုင်ဘက်ဖြစ်သည့် ဝူဘင်း Hyung နဲ့စကားပြောနေခိုက် ဆိုင်ထဲသို့ ဂျောင်ဂုဝင်လာတာကို တွေ့လိုက်ရ၏။တစ်ပါတ်လုံးလုံးဆက်သွယ်လို့မရပဲ ပျောက်ချက်သားကောင်းနေတဲ့ သူ့ကို ထယ်ယောင်း စိတ်ဆိုးနေမိတုန်းပဲ။ဖုန်းဆက်တော့လည်း မရ။ထယ်ယောင်း ရက်ရှည် ဖျားနာရသည့်အကြောင်းရင်းတွေကလည်း သူ့ကြောင့် တစ်ဝက်ပါ၏။

"ငါတို့ ခဏလောက် စကားပြောလို့ရမလား ထယ်ယောင်း...."

ကောင်တာဆီ တည့်တည့်လျှောက်လာပြီး ပြောပုံက အေးတိအေးစက်။
ကျွန်တော်ဘာမှပြနိမဖြေမိတော့ ဘေးနားမှ Hyung က ကြားဝင်ကာ..

"ထယ်ယောင်း သူငယ်ချင်းထင်တယ်....သွားလေ ထယ်ယောင်း ဒါတွေ Hyung လုပ်လိုက်မယ်.....

"ကျွန်တော် ပြန်လာခဲ့မယ်နော်..."

ထယ်ယောင်း ဦးဆောင်ပြီး စားပွဲဝိုင်းတွေရှိရာဘက်ကို လျှောက်သွားလိုက်တော့ သူနောက်က လိုက်လာသည်။
နေရာမှာထိုင်ပြီး မကြာလိုက် ဝူဘင်း Hyung က ကော်ဖီယူလာပေးကာ..

"ကော်ဖီသောက်ရင်း အေးဆေးပြောကြနော်....ဒီကညီလေး အတွက် အိုက်စ်အမေရိကာနိုပဲ ယူလာခဲ့တယ် အဆင်ပြေရဲ့လား.."

"ဟုတ်ကဲ့ ကျွန်တော် သောက်ပါတယ်..."

"ဒါဆို အေးဆေးစကားပြောကြဦး..."

Hyung ထွက်သွားတော့မှ ထယ်ယောင်း သူ့ကို တည့်တည့်စိုက်ကြည့်လိုက်တော့..

FRI(END)SWhere stories live. Discover now