Intro

5.5K 382 57
                                    

ကျွန်တော့်ဘဝမှာ အမုန်းဆုံး အချိန်နှစ်ချိန်ရှိခဲ့တယ်။ပထမတစ်ကြိမ်က အဖေဟာ သူ့ထက် အများကြီးငယ်သည့် မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ပြုပြီး အိမ်ပေါ်ကို ခေါ်လာခဲ့တာ။
ဒုတိယအကြိမ်က ကိုယ့် သူငယ်ချင်းကိုမှ မဖြစ်နိုင်မှန်းသိသိရက်နဲ့ ချစ်မိသွားခဲ့တာ။

စည်းအထပ်ထပ်တားထားပါလျက်နဲ့ ဖြေးဖြေးချင်း သူက ကျွန်တော့် နှလုံးသားထဲကို တိုးဝင်လာခဲ့တယ်။
ဘယ်လောက်ပဲ လျစ်လျူရှုပါစေ အကျင့်ပါနေတဲ့ စိတ်က ကျွန်တော့်အနားမှာ အခြားဘယ်သူပဲရှိရှိ သတိရမိတဲ့သူက အဲ့ဒီ သူငယ်ချင်းဆိုတဲ့ကောင်ပဲ ဖြစ်နေခဲ့တာ။တစ်ခုခုနဲ့ယှဉ်ပြီး ဦးစားပေးရမယ်ဆိုရင်တောင် အဲ့ဒီတစ်ယောက်ကိုပဲ အရင်ဆုံးရွေးချယ်မိတာ။

လူတိုင်းအတွက် တစ်စုံတစ်ယောက်ဆိုတာ လိုအပ်တယ်မဟုတ်လား။
သေချာပေါက် ကျွန်တော် လိုအပ်နေတဲ့ တစ်စုံတစ်ယောက်ဟာလည်း သူငယ်ချင်းဆိုတဲ့ သူပဲ ဖြစ်တယ်။
                       
            ......( Jeon Jungkook )

ငါတို့က ဘာတွေလဲလို့ မေးတိုင်း သူက အမြဲတမ်း "သူငယ်ချင်းတွေပါပဲ "ဆိုပြီး ဖြေတက်တယ်။
အဲ့လို သူ့စကားကို ဟိုးအရင်ချိန်တွေမှာ ကြားရတုန်းက စိတ်ထဲ ဘယ်လိုမှ မနေခဲ့ပါဘူး။
ခံစားချက်တို့ ပြောင်းလဲသွားချိန်မှာတော့ ဒါတွေကို လက်မခံချင်တော့ဘူး။
ဘာကို သူငယ်ချင်းလဲ။သူငယ်ချင်းဆိုရင် သူငယ်ချင်းထက်ပိုတဲ့ စကားတွေ ဘာလို့ပြောခဲ့ကြတာလဲ။ပုံမှန်ထက်ဂရုစိုက်ခဲ့တဲ့ ဆက်ဆံရေးတွေကရော သူငယ်ချင်းဆိုတဲ့ အကြောင်းအရာတစ်ခုတည်းကနေ ဖြစ်လာတာလို့တော့ ကျွန်တော်မ‌ထင်ဘူး။

သူရောကိုယ်ပါ အဖြူရောင် ခံစားချက်ထက်ပိုတဲ့ ခံစားမှုတွေရှိနေခဲ့တာပဲကို။ဒါဆို ဒီအတိုင်း သူငယ်ချင်းကို သဘောကျလိုက်လို့ရော မဖြစ်ဘူးလား။
ပုံမှန်ထက် နက်နဲနေတဲ့ ဂရုစိုက်မှုတွေကို အခြေပြုပြီး ဒီဆက်ဆံရေးကို ပြောင်းလဲပစ်လိုက်ရင်ရော ထူးဆန်းသွားမှာမျိုးလား။

"Friend" ဆိုတဲ့စကားလုံးမှာ "end" ပါနေသလိုမျိုး သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကို ရပ်တန့်လို့ အခြားခေါင်းစဉ်တစ်ခုအဖြစ်‌ ပြောင်းလဲလိုက်ရင်ရော မဖြစ်နိုင်ဘူးလားလေ။
 

FRI(END)SWhere stories live. Discover now