(13)

1.1K 195 62
                                    

သိပ်မကြာခင် ထယ်ယောင်း ပြိုင်ပွဲဝင်မယ့်အလှည့်က ရောက်တော့မှာဆိုပေမယ့် ဂျောင်ဂုရဲ့ အရိပ်ယောင်ကို မမြင်ရ။
သူပဲ မထိခိုက်စေဖို့ မှာပြီး အနားမှာကျတော့ မနေပေးဘူး။ထစ်ခနဲရှိ သူစိတ်နဲ့မတွေ့ရင်ကလေးလိုမျိုး အမြဲစိတ်ကောက်နေတာ။တကယ်ဆို ကျွန်တော် မေ့သွားလို့ မပြောဖြစ်တာလေးနဲ့ အဲ့လောက်ထိစိတ်ဆိုးစရာလား...ဘာမှသိပ်ပြီး ကြီးကျယ်နေတဲ့ ကိစ္စလည်း မဟုတ်တာကို။
ကျောင်းဆင်းမှလာခေါ်ကြည့် မင်းကို လုံးဝမခေါ်ဘူး။

ထယ်ယောင်း တစ်ယောက်တည်း ဂျောင်ဂုကို အတွေးထဲမှာ စိတ်ကောက်ပြီး ကြိမ်းဝါးနေပေမယ့် ခဏနေရင် လေးယောက်တွဲလက်ဆင့်ကမ်းပြိုင်ပွဲကို အရင်ကစားရမှာမို့ ခြေထောက်ကြွက်သားတွေ ပြေလျော့အောင် သွေးပူလေ့ကျင့်ခန်း လုပ်နေမိသည်။

"စိတ်လှုပ်ရှားနေပြီလား...."

ဒိုယွန်းက ထယ်ယောင်းကိုမေးရင်း ကျွန်တော့် နည်းတူ ဘေးနား၌လာရပ်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်နေသည်။

"နည်းနည်းပါပဲ....မတော်တဆ အမှားလုပ်မိမှာကို စိုးရိမ်နေတာ..."

"သိပ်ပြီးတော့လည်း စိုးရိမ်မနေပါနဲ့....အနိုင်အရှုံးကအရေးမကြီးဘူး...ခန္ဓာကိုယ်ကို မထိခိုက်စေဖို့ အဓိက..."

"ဒါပေမယ့်လည်း ငါတို့က ဒီကျောင်းရဲ့ အကြီးဆုံးအတန်းကမလား.....အဲ့ဒါကြောင့် အခန်းရဲ့ဂုဏ်ကို မြှင့်‌ပေးရမှာပေါ့.....ပြီးတော့ ငါက ကိုယ်စား ဝင်ပေးတဲ့သူ....တော်ကြာ စီနီယာတန်းက အစ်ကိုကြီးက ကလေးတွေကို ရှုံးတယ်ဆိုရင် ဘယ်လိုလုပ်ကြားကောင်းမှာလဲ..."

"အေးပါကွာ....မင်းကိုတော့ တကယ် မနိုင်ဘူး....ဒါနဲ့ ဟိုတစ်ယောက်ရော....မင်းရဲ့ သံလိုက်...."

"ဘာကြီး...."

နားမလည်သလို ထယ်ယောင်းက အူတူတူလေးပြန်မေးလာသည်ကို ဒိုယွန်းကြည့်ကာ ရယ်လိုက်မိရင်း...

"ဘာကြီးရမလဲ.... ဂျောင်ဂုကို ပြောတာ..."

"အာ ဂျောင်ဂုကို ပြောတာလား....သူ နည်းနည်းအလုပ်ရှုပ်နေတာထင်တယ်....စောနတည်းက သိပ်မတွေ့မိဘူး..."

FRI(END)SWhere stories live. Discover now