အထက်တန်းကျောင်းပြီးသွားပြီမို့ ထယ်ယောင်း တစ်ယောက် အားလပ်လို့နေသည်။
ဂျောင်ဂု ကျေးဇူးနဲ့စာကို သေချာအာရုံစိုက်လုပ်နိုင်ခဲ့တာမို့ စာမေးပွဲကိုလည်း အခက်ခဲမရှိ ဖြေဆိုနိုင်ခဲ့သလို အမှတ်ကောင်းကောင်းနဲ့လည်း အောင်မြင်ခဲ့တယ်။ကျောင်းတက်ရတုန်းကတော့ ကျောင်းပိတ်ဖို့မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းပိတ်ရက်ရှည်လည်းရရော ပျင်းရိလာရ၏။ဒါကြောင့် တက္ကသိုလ်မတက်ခင် ကြားကာလမှာ ပိုက်ဆံစုလို့ရ အောင် အိမ်နဲ့သိပ်ပြီး မဝေးတဲ့ Coffee ဆိုင်လေးတစ်ခုမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ်ဝင်လုပ်ခဲ့သည်။
ညနေငါးနာရီကနေ ဆိုင်ပိတ်ချိန် ဆယ်နာရီအထိမို့ သိပ်ပြီးတော့လည်း မပင်ပန်းသလို မနက်အစောကြီးမထချင်တဲ့ ထယ်ယောင်းအဖို့တော့ ဒီအလုပ်က သက်သာလှ၏။မမ ထယ်ဟီးကတော့ သူ့ စိတ်တိုင်းကျ လုပ်ခွင့်ပေးပေမယ့် ဂျောင်ဂုကတော့ အနည်းငယ်ကန့်ကွက်ခဲ့သေး၏။ဟိုတစ်ခါရန်ဖြစ်ပြီးတည်းက တစ်ယောက်နဲ့တစ်ယောက် ရန်ထပ်မဖြစ်အောင်နေဖို့ ကတိထားထားကြတာမို့ မနည်းပြေလည်အောင်ညှိယူလိုက်ရသေး။
နောက်တော့ အလုပ်ဆင်းတိုင်း သူလာကြိုမယ်ဟူသော ကတိဖြင့် ခွင့်ပြုပေးခဲ့သည်။
ကျွန်တော့်ရည်းစားလေးဂျောင်ဂုကတော့ သူ့ဖေဖေရဲ့ Company ထဲလိုက်ကာ လုပ်ငန်းအချို့ကို သင်ယူနေတာလေ...
နောက်ပြိီး သိပ်မကြာခင် မမနဲ့ဦးလေးကြီးတို့က လက်ထပ်ကြတော့မှာဆိုတော့ သူ့ဖေဖေက ဂျောင်ဂုကို အချို့လုပ်ငန်းတွေသိထားအောင် အခုတည်းက သင်ပေးနေခြင်းပင်။"ထယ်ယောင်း....ဘာတွေ စဉ်းစားနေတာလဲ..."
"ဟင့်အင်း Hyung.....ဒါနဲ့ ဒီနေ့ Hyung က အရမ်းမိုက်နေတယ်နော်....ဘာလဲ ဒိတ်..?"
ထယ်ယောင်းနဲ့ ဂျူတီချိန် ချိန်းရသည့် ကင်မ်ဝူဘင်း ဆိုသည့် Hyung က ဒီနေ့ အရင်ကထက်ပိုပြီး ခပ်မိုက်မိုက် ဝတ်စားထားတာကို သတိထားမိတာမို့ မေးလိုက်တော့ Hyung က မျက်ခုံးတို့ပင့်လိုက်ရင်း...
"သိသာနေလား...?ဟုတ်တယ်.....ကောင်မလေးနဲ့ညစာသွားစားမလို့...ဒီနေ့ Hyung တို့ရဲ့ လေးနှစ်ပြည့် Anniversary လေ..."
"ဝိုးးးဂုဏ်ယူပါတယ် Hyung....နှစ်ယောက်အတူတူ အချိန်အကြာကြီး ချစ်ပြီး ပျော်ရွှင်သွားကြပါနော်...."
YOU ARE READING
FRI(END)S
Fanfiction"Friend" ဆိုတဲ့ စကားလုံးမှာ "End" ပါနေသလိုမျိုးပဲ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ကြရအောင်။ JJK&KTH