"ဒီနေ့ မောင် လာကြိုလို့မရတော့ဘူး....ဖေဖေက သူ့မိတ်ဆွေတွေနဲ့အတူညစာစားဖို့ချိန်းထားတဲ့ဆီကို လိုက်သွားရမှာမို့ရယ်....အဲ့ဒါ တောင်းပန်တယ်နော်..."
လေလှိုင်းထဲက ဂျောင်ဂုအသံက အားနာခြင်းတွေရောစွက်နေတာကို ခံစားမိတော့ ထယ်ယောင်း ရင်ထဲကြည်နူးရသည်။
တကယ်ဆို ကျွန်တော့်ကို လာကြိုတဲ့ကိစ္စကအရေးကြီးတာမျိုး မဟုတ်တာတောင် ဂျောင်ဂုကတော့ အရေးတယူ ဂရုစိုက်ပြီး ဖုန်းဆက်ပြောတာကြောင့်ပါ။"ဘာလို့ တောင်းပန်ရတာလဲ ဂျောင်ဂုဂီရဲ့....တခါတလေ မအားတာလည်းဖြစ်နိုင်တာပဲလေ။ငါ့ကို စိတ်မပူပဲ မင်း ဖေဖေနဲ့သာလိုက်သွားပါ..."
"အင်း....ဒါဆို စိတ်ချမယ်.....မှာစရာတွေရှိသေးတယ်...နားထောင်နော်...ညစာကိုလည်း မဖြစ်မနေစားဖို့ မမေ့နဲ့.....ကားပေါ်မှာလည်း အိပ်မသွားနဲ့....အိမ်ရောက်ရင်လည်း စာပို့ထားပေး....ပြီးတော့ မောင်လည်း ပြန်ရောက်တာနဲ့ ဖုန်းဆက်မယ်....အချိန်နောက်ကျနေပြီဆိုရင်လည်း စာပဲဖြစ်ဖြစ်ပို့ထားမယ်....."
ဂျွန်ဂျောင်ဂုတို့က ကျွန်တော့်ကို ကလေးများ မှတ်နေလားမသိ။အမှာစကားကို တရစပ်ပြောသွားလိုက်တာများ အဖိုးကြီးအတိုင်း ပွစိပွစိနဲ့။
"ဟေ့ကောင်....မင်း အသက်လေးဘာလေးလည်း ရှုပါဦး....ငါ ကလေးမှမဟုတ်တာ ဘာတွေအဲ့လောက်ထိ မှာနေရတာလဲကွာ..."
ထယ်ယောင်း ထိုသို့ ပြောလိုက်တော့ ပြန်ပြောလာသည်က....
"ကလေးမဟုတ်တာသိပါတယ်....ဒါပေမယ့် စိတ်မချတာကိုတော့ ဘယ်လိုမှ မျိုသိပ်ထားလို့မရဘူးလေ.....ပြီးတော့ နေ့တိုင်းတွေ့နေကြကနေ ဒီနေ့မတွေ့ရဘူးဆိုတော့ စိတ်ထဲတစ်မျိုးပဲ...နေလို့ထိုင်လို့ကိုမကောင်းတော့ဘူး....ပြောရင်းနဲ့ကို လွမ်းနေရပြီ..."
တီတီတာတာနဲ့ ရင်ခုန်ချင်စရာ သမီးရည်းစားသဘာဝ ပလီပလာစကားကို ဂျွန်ဂျောင်ဂုတို့က တစ်ဖက်ကမ်းခတ်အောင်တက်သည်။ထိုသို့အပြောခံရတိုင်း ထယ်ယောင်းမျက်နှာသည်လည်း သဘောကျခြင်းများစွာနဲ့ပါ။အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း အချစ်ဦးထံမှာကျဆုံးနေတဲ့ အချစ်ရူးလေးအဖြစ်နဲ့ ရင်တွေခုန်နေတော့တာ...
YOU ARE READING
FRI(END)S
Fanfic"Friend" ဆိုတဲ့ စကားလုံးမှာ "End" ပါနေသလိုမျိုးပဲ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ကြရအောင်။ JJK&KTH