Unicode & Zawgyi
Unicode
"Hyung......ဒီနားကဘယ်လို......"
စာပိုဒ်ရဲ့ဆိုလိုရင်းကိုနားမလည်တာမို့ စာအုပ်ကိုကိုင်ကာ hyungထိုင်နေတဲ့ဘက်ကိုလှည့်လိုက်တော့ ဆော့ဂျင်ရဲ့ပုံနှိပ်စာအုပ်ပုံကိုမှီကာ အိပ်ပျော်နေတဲ့hyungကိုတွေ့လိုက်ရသည်။တစ်လကျော်ကျော်လောက်စာသင်ပြီးနောက်မှာ ဆော့ဂျင်တဖြည်းဖြည်းသိလာခဲ့ရတာတစ်ခုက hyungဟာအရင်လာတဲ့ဆရာတွေနဲ့ တစ်စက်လေးမှမတူကွဲပြားလွန်းတာပင်။အရင်ကဆရာတွေလို နည်းနည်းလေးပညာပြလိုက်တာနဲ့ သည်းမခံနိုင်တွေဖြစ်ပြီး ဖေဖေ့ကိုပြောဆိုကာထွက်သွားတတ်တဲ့လူမျိုးမဟုတ်တဲ့အပြင် ဆော့ဂျင်ရဲ့အညှာကိုကောင်းကောင်းကိုင်တွယ်နိုင်ပြီး ကျောင်းသားအထာကောင်းကောင်းနပ်တဲ့ဆရာမျိုးဖြစ်သည်။ချော့သင့်သည့်နေရာချော့ကာ၊ ခြောက်သင့်တဲ့နေရာခြောက်ပြီး အခြေအနေပေါ်မူတည်၍ ဆော့ဂျင်ကိုစာသင်စိတ်ဝင်လာအောင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အချိန်တိုအတွင်းသိရှိသွားသူလည်းဖြစ်သည်။
နားဝင်အောင်လေပြေအေးနဲ့ဆုံးမဖို့ဝန်မလေးသလို၊ လိုက်နာအောင်မျက်နှာတည်နဲ့အမိန့်လည်းပေးတတ်တဲ့ဆရာအသေးလေးဟာ ဆော့ဂျင်ကိုယ်တိုင်ကျိုးနွံရိုသေရတဲ့ ပထမဆုံးဆရာဖြစ်လာခဲ့တာပင်။ဘယ်လိုပဲအလည်လွန်လွန် လေးနာရီမထိုးခင်ဆိုအိမ်မှန်မှန်ပြန်တတ်တာမို့ သူငယ်ချင်းတွေကတောင်စနောက်လာခဲ့ပြီး အိမ်အကူတွေကတစ်ဆင့်ပြန်သိရတဲ့ဖေဖေဟာလည်း အခုရက်ပိုင်းလိမ္မာနေတဲ့ဆော့ဂျင်အတွက် အတော်လေးဝမ်းသာကြည်နူးနေခဲ့တာဖြစ်သည်။ဆရာအသေးလေးကတော့ ဝမ်းသာသည်လည်းမဟုတ်၊ ပျော်သည်လည်းမဟုတ်ဘဲ ပုံမှန်အတိုင်းသာသတိထားဆက်ဆံတတ်သော်လည်း အခုနောက်ပိုင်းဆော့ဂျင်ကိုယ်တိုင် သူ့စကားကိုနားထောင်ကာ ခိုင်းသမျှအိမ်စာတိုင်းကိုစနစ်တကျနဲ့ပြီးဆုံးအောင်လုပ်ထားတတ်လာတော့ မမြင်ရတဲ့စိတ်နံရံတစ်ခုကိုဖြိုချပေးလိုက်သလိုပင်။ပို၍ရင်းနှီးလာကာ၊ ပို၍လည်းပြောရဆိုရအဆင်ပြေလာသည်လေ။
ဆရာလို့မခေါ်ချင်တာမို့ hyungလို့ခေါ်ဖို့ခွင့်တောင်းတော့ မျက်နှာတည်လေးနဲ့ခေါင်းငြိမ့်ပြတဲ့ဆရာအသေးလေးကြောင့် hyungလို့ပဲခေါ်ဖြစ်ခဲ့ပြီး ဆော့ဂျင်စိတ်ထဲမှာလည်း ကိုယ့်ဆရာဆိုတာထက်၊ ကိုယ့်ထက်ရင့်ကျက်တဲ့အငယ်လေးလိုပဲမြင်နေရတာဖြစ်သည်။အခုလည်း စာအုပ်ပုံပေါ်ခေါင်းတင်ကာ အိပ်ပျော်နေတဲ့မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။
YOU ARE READING
THE SEA ||JINKOOK|| [Completed]