Unicode & Zawgyi
Unicode
"နားမလည်တာရှိရင်တစ်ခါတည်းမေးနော်"
တွက်ပြပြီးတဲ့ပုစ္ဆာအကြမ်းစာရွက်ကို ဆော့ဂျင်အနားထိုးပေးလာတာမို့ notebookထဲကူးယူလိုက်လေသည်။ဆော့ဂျင်ရဲ့အချစ်ကိုငြင်းဆိုချင်တုန်းကတော့ မင်းကငါ့ကိုမလိုအပ်တော့ပါဘူး၊ ဘာဘူးနဲ့ ဒရမ်မာခင်းသွားတဲ့hyungဟာ ချစ်သူရည်စားဖြစ်ခါစကာလများကို အတိုးချစာသင်ရင်းဖြင့်ဖြတ်သန်းနေတာပင်။သို့သော် ကျော်ဖြတ်ပြီးစီးသွားတဲ့ပန်းနုရောင်စည်းလေးကတော့ နှစ်ယောက်ကြားကလေထုထဲကို သက်တောင့်သက်သာဖြစ်စေသည်။အထူးသဖြင့် နဂိုအေးတိအေးစက်ဓာတ်ခံရှိတဲ့ဆရာအသေးလေးရဲ့ သေးငယ်သောပြောင်းလဲခြင်းတွေက ဆော့ဂျင်ရဲ့ရင်ကိုအတိုင်းအဆမရှိခုန်စေသည်။
အခုလည်း စာတွက်နေတဲ့ဆော့ဂျင်ကိုစောင့်ပေးရင်း လုပ်စရာရှိပုံမရတဲ့ချစ်သူအသေးလေးဟာ အနားမှာချထားတဲ့ဖုန်းကိုကောက်ကိုင်လိုက်တာမို့ အံ့သြမှုဖြင့်မျက်ခုံးနှစ်ဖက်ကိုပင့်လိုက်မိသည်။ချစ်သူရည်းစားဖြစ်သွားသည့်တိုင်အောင် ပြောင်းလဲဆက်ဆံခြင်းမရှိတဲ့ဆရာအသေးလေးရဲ့ ပထမဆုံးအနေဖြင့် ပိုင်စိုးပိုင်နင်းလုပ်နေတဲ့ပုံရိပ်လေးဟာ ဆော့ဂျင်နှုတ်ခမ်းထက်ဆီသို့ အပြုံးတွေကိုယူဆောင်လာပေးသည်။ဆော့ဂျင်သုံးတဲ့ဖုန်းကို ကိုယ်ပိုင်ဖုန်းကဲ့သို့ စိတ်ကြိုက်ဖွင့်ပြီး မွှေနှောက်နေတဲ့hyungဟာ သူ့ကိုယ်သူတော့ရုပ်တည်ကြီးနှင့် ပီပြင်လှပြီအောက်မေ့နေသော်လည်း သူလုပ်သမျှကို မျက်မှန်ထဲကနေပြန်မြင်နေရတဲ့ဆော့ဂျင်မှာတော့ ရီချင်၊ပြုံးချင်တာကို မနည်းအောင့်ထားရသည်။
စကားပြောတဲ့applicationတိုင်းကိုဝင်ကြည့်သော်လည်း အသေးစိတ်ဝင်မဖတ်တဲ့hyungဟာ သူတစ်ပါးရဲ့privacyကိုဘယ်လိုစောင့်ထိန်းပေးရမလဲ ကောင်းကောင်းနားလည်ပါသည်။IGထဲဝင်ကာ ဆော့ဂျင်ရဲ့ပို့စ်တွေကိုလိုက်ကြည့်ပြီး commentတွေကိုအသေးစိတ်ဖတ်ကြည့်နေသေးတာမို့ ချစ်စရာကောင်းလွန်းလှတဲ့ထိုအပြုအမူလေးအား ဘယ်လိုမှအောင့်အီးသည်းခံမနေနိုင်တော့ပေ။ဒါကြောင့် hyungလက်ထဲကဖုန်းကိုဆွဲယူလိုက်တော့ လန့်သွားမှုနဲ့အတူ ဝိုင်းစက်သွားတဲ့မျက်ဝန်းကြည်ကြည်လေးတွေဟာ ဖြတ်ကနဲကြည့်လိုက်မိတဲ့စက္ကန့်ပိုင်းလေးမှာတောင် တောက်ပနေတာပင်။
YOU ARE READING
THE SEA ||JINKOOK|| [Completed]