The sea-4

442 74 27
                                    

Unicode & Zawgyi

Unicode

"ဟေ့ကောင်.......barဘက်ကိုလည်းလှည့်လာခဲ့ပါဉီးကွ"

ကျောင်းဝန်းထဲကထွက်တုန်းမှာ ဖုန်းထဲဝင်လာတဲ့messageလေးအား သာမာန်ကာလျှံကာတုံ့ပြန်လိုက်ပြီး ကျောပိုးအိတ်ကိုပုခုံးပေါ်ဆွဲတင်လိုက်ပေမယ့် ခံစားလိုက်ရတဲ့အလေးချိန်က ပုခုံးတစ်ဖက်ကျိုးလုမတတ်ပင်။ဘေးပတ်ပတ်လည်ကိုအကဲခတ်ကြည့်ရှုမိတော့ ညနေကျောင်းဆင်းချိန်မို့ အိမ် ဒါမှမဟုတ် တစ်နေရာရာကိုဉီးတည်နေတဲ့ တက်ကြွလွတ်လပ်တဲ့ခြေလှမ်းတွေဟာ တက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝပန်းချီကို လှလှပပပုံဖော်နေကြပေမယ့် ဆော့ဂျင်ကတော့ သက်ပြင်းတစ်ချက်ကိုရှိုက်လိုက်ကာ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။

မိုးရိပ်အနည်းငယ်နဲ့ ခါတိုင်းလိုကြည်စင်မှုမရှိတော့တဲ့ကောင်းကင်ဟာ ရင်ထဲမှာသိမ်းဆည်းထားတဲ့နာကျင်မှုတွေကို ဖွင့်ထုတ်ချလိုက်ပါလို့ အားပေးအားမြှောက်ပြုနေသလိုပင်။ဘဝထဲမှာ ပင်လယ်အော်သံတွေဆိတ်သုဉ်းသွားခဲ့တာ ရက်ပေါင်းလေးဆယ်လောက်ကြာခဲ့ပြီဖြစ်ပေမယ့် အခုချိန်ထိအသားမကျနိုင်သေးသူရဲ့နေ့ရက်တွေဟာတော့ ပင်လယ်ပြင်လေးနဲ့ပတ်သတ်တဲ့အရာတွေကိုတွေ့လေတိုင်း ခြောက်ကပ်တိတ်ဆိတ်ခြင်းတွေနဲ့သာပြည့်နှက်နေခဲ့သည်လေ။

အနှစ်သာရမရှိတော့တဲ့လွတ်လပ်မှုတွေ၊ ခါးသထက်ခါးလာတဲ့အယ်လ်ကိုဟောတွေနဲ့အတူ အလွမ်းတွေနဲ့အတိပြီးတဲ့အခိုက်အတန့်တွေဟာ သူ့ကိုပိုလို့သိပ်သည်းစွာတမ်းတမိစေသည်အထိ ဆော့ဂျင်ရဲ့အသည်းကွဲဒဏ်ရာဟာ ကုရာနတ္ထိဆေးမရှိခဲ့ပြီဖြစ်သည်။အဆင့်တွေတက်တိုင်း၊ အမှတ်တွေကောင်းတိုင်း ရုပ်တည်ကြီးနဲ့ချီးကျူးပေးမယ့်ပင်လယ်ပြင်လေးဟာ အနားကနေပျောက်ကွယ်ခဲ့ပြီမို့ ဉီးတည်ချက်မရှိဘဲပြေးလွှားနေရတဲ့ခြေထောက်တွေက တစ်ခါတစ်ရံမှာ ခွန်အားတွေမရှိတော့ဘဲ ခွေကျချင်ချင်။

အိမ်ကိုပြန်ရောက်တော့လည်း အခန်းထဲကိုသာတန်းဝင်ခဲ့လိုက်ပြီး အိပ်ရာပေါ်ကိုတစ်ကိုယ်လုံးပစ်တင်လိုက်သည်မှာ အားတစ်စက်မှမကျန်တော့သကဲ့သို့။ခေါင်းကိုအသာစောင်းငဲ့ကြည့်လိုက်တော့ ပင်လယ်ပြင်လေးထိုင်တတ်တဲ့ကုလားထိုင်လေးဟာ အထီးကျန်စွာနဲ့ ဆော့ဂျင်မြင်ကွင်းထဲ ချဉ်းနင်းဝင်ရောက်လာလေသည်။ထိုထိုင်ခုံလေးမှာထိုင်ကာ ကွတ်ကီးတွေထိုင်မြုံ့နေမယ့်ပုံစံလေး၊ မှန်တံခါးကိုဆွဲဖွင့်ကာ ဆော့ဂျင်အကြိုက်ဆုံးကားရုပ်လေးကိုထုတ်ကိုင်ပြီး အိမ်ပြန်လာဖို့အနုနည်းသုံးခြိမ်းခြောက်ပုံလေးတွေနဲ့ ပုံနှိပ်စာအုပ်ပုံကိုမှီကာ အိပ်ပျော်နေတဲ့ပုံလေးတွေ အစရှိသဖြင့် ပင်လယ်ပြင်လေးရဲ့ရုပ်ပုံလွှာအမျိုးမျိုးဟာ ဆော့ဂျင်နှလုံးသားအကန့်ထဲမှာ သပ်သပ်ရပ်ရပ်တည်ရှိနေသေးတာပင်။ထိုပုံရိပ်လေးတွေဟာ အလွမ်းထုထည်ကို ပိုလို့သိပ်သည်းစေပြီး ထိန်းထားတဲ့မျက်ရည်တမံကိုကျိုးကျစေလုမတတ် နာကျင်စရာကောင်းလွန်းလှတာမို့ လှဲနေရာမှထကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။

THE SEA ||JINKOOK|| [Completed]Where stories live. Discover now