Unicode & Zawgyi
Unicode
"ဖေဖေအဆင်သင့်ဖြစ်ရင်သွားရအောင်လေ"
နီညိုရောင်ပိုးသားရှပ်လက်ရှည်ရဲ့ လက်ကြယ်သီးတွေကိုတပ်ရင်းခေါ်လိုက်တော့ ကုတ်အင်္ကျရဲ့ကြယ်သီးတွေကိုတပ်ရင်းထွက်လာတဲ့ဖေဖေဟာ ခဲရောင်suitအပြည့်အစုံနဲ့ အပြတ်အသတ်ကိုချောမောနေတာပင်။ခါတိုင်းတည်တည်တံ့တံ့နေတတ်တဲ့ဖေဖေ့ဟာ ဒီနေ့မှာတော့ အပြုံးစစနဲ့မျက်နှာကပါကြည်လင်ရှင်းသန့်နေတာမို့ ဆော့ဂျင်လည်းထပ်တူကြည်နူးရသည်။ဆော့ဂျင်ရဲ့ချောမောပြေပြစ်တဲ့မျက်နှာဟာ ဖေဖေ့ရဲ့အမွေကိုဆက်ခံထားရတယ်လို့ဆိုရလောက်အောင်ချောမောသူမို့ အသက်နှစ်ဆယ်ကျော်သားတစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့အရွယ်မှာတောင် လိုချင်သူတွေဟာခပ်များများရယ်နှင့်ပင်။
သားအဖနှစ်ယောက်လုံးအဆင်သင့်ဖြစ်ပြီမို့ အိမ်ရှေ့ထွက်လိုက်တော့ ဆော့ဂျင်ဘွဲ့ရတဲ့အထိန်းအမှတ်အနေနဲ့ဝယ်ပေးထားတဲ့mercede banzကားအနက်ရောင်ကြီးဟာ ဝင့်ဝင့်ထည်ထည်နဲ့ကြိုဆိုလေသည်။နှစ်ယောက်လုံးကားပေါ်တက်လိုက်ကြပြီးသည့်နောက်မှာတော့ ဆော့ဂျင်ရဲ့တက္ကသိုလ်ကျောင်းသားဘဝရဲ့အဆုံးသတ်အခမ်းအနားကြီးဆီသို့မောင်းနှင်ခဲ့ပါတော့သည်။ကျောင်းကနေခွင့်ယူထားတဲ့hyungအား အသွားကတည်းကဝင်ခေါ်ဖို့လုပ်ထားပေမို့ အမှတ်စာရင်းတွေပို့ပေးရဉီးမယ်လို့ဆိုတဲ့hyungဟာ သူ့အစီအစဉ်နဲ့လာမယ်လို့ပြောထားတာမို့ ဆော့ဂျင်ကကျောင်းကိုတန်းသွားရုံပင်။
ကုန်ဆုံးသွားတဲ့အချိန်တွေဟာ တစ်ခါတစ်လေမထင်မှတ်ထားရလောက်အောင်မြန်တတ်တာမို့ မျက်စိတစ်မှိတ်စာအတွင်းမှာတင် ဆော့ဂျင်ဟာဘွဲ့ရကျောင်းသားကြီးဖြစ်ခဲ့ပြီဖြစ်သည်။အောင်စာရင်းတွေထွက်တဲ့နေ့က rollခပ်မြင့်မြင့်နေရာမှာရေးထားတဲ့ဆော့ဂျင်ရဲ့နာမည်ကိုကြည့်ပြီး မျက်ရည်တွေလည်တဲ့အထိဝမ်းသာပေးခဲ့တဲ့ပင်လယ်ပြင်လေးဟာ ထိုနေ့ကတစ်နေ့လုံးဆော့ဂျင်ကိုဖက်တွယ်ကာ ဘယ်လောက်ဝမ်းသာပျော်ရွင်ရကြောင်းကိုတတွတ်တွတ်ပြောနေခဲ့တာပင်။
YOU ARE READING
THE SEA ||JINKOOK|| [Completed]