Unicode & Zawgyi
Unicode
"ဒီတစ်ခေါက်Tutoဖြေတာ အမှတ်တွေတက်လာတယ်နော်......hyungဘာပေးမှာလဲ"
"အမှတ်တက်လာလို့ဆုချရအောင် မင်းကကလေးလား"
အမှတ်စာရင်းစာရွက်ကိုချကာ hyungဆီကလက်ဆောင်တောင်းလိုက်တော့ မျက်မှန်ကိုအသာပင့်တင်ကာ ပြန်ပြောလာတဲ့စကားကြောင့် လူမှာနင်သွားရသည်။စာရှင်းပြချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာစကားနည်းတဲ့hyungဟာ ထပြောပြန်ရင်လည်း တစ်ခွန်းဆိုရင်ဆိုသလောက်ရိုက်ပေါက်ပင်။အခုလည်း မသိကျေးကျွန်ပြုကာ မနေ့ညကသင်္ချာပုစ္ဆာတွေကိုပြန်လည်စစ်ဆေးနေတာမို့ နှုတ်ခမ်းစူကာစိတ်ကောက်ဟန်ပြုနေတဲ့ ဆော့ဂျင်ကိုလည်းသတိပြုမိဟန်မတူပေ။
"ဆုပေးဒဏ်ပေးစနစ်ဆိုတာကိုမကြားဖူးဘူးလား.....ဒီလိုမျိုးကကျောင်းသားကိုmotivateလုပ်ပြီးသားလည်းဖြစ်တယ်လေ"
"အဲ့တာဆိုမင်းအတွက်အပြစ်ဒဏ်ကပိုများနေတော့မှာပဲ"
'ဟွန့်.....မိနစ်နည်းနည်းလေးနောက်ကျရင်ကျ ဒဏ်ပေးချင်တယ်.....ဒါလေးကျမလိုက်လျောပေးချင်ဘူး'
တိုးတိုးသက်သာပြောလိုက်သော်လည်း နားအလွန်ပါးသူဟာ ဘာပြောတာလဲဆိုတဲ့အကြည့်နဲ့ကြည့်လာခဲ့တာမို့ မချိပြုံးပြုံးပြလိုက်ရသော်လည်း ဒီဆရာပိစိကို ဆော့ဂျင်စိတ်ကောက်ပါသည်။တိုးတက်လာတဲ့အခြေအနေတွေနဲ့ ရင့်သန်လာပြီဖြစ်တဲ့ခံစားချက်တွေကြောင့် hyungကို အရင်ကထက်ပို၍ရင်းရင်းနှီးနှီးဆက်ဆံနေသော်လည်း တစ်ခါတစ်လေတော့ မတုန်မလှုပ်နဲ့ဆရာအသေးလေးကို ဆော့ဂျင်စိတ်မရှည်ပေ။အခုလည်း ဆော့ဂျင်ကသာ ဘေးကနေတွတ်ထိုးပြီးတောင်းဆိုနေပေမယ့် သူကတော့ ကမ္ဘာကြီးလည်ပတ်နေတာသူနဲ့မဆိုင်သလို စာသင်ဖို့သာပြင်နေတာမို့ ဒီတစ်နေ့အသံတိတ်ဆန္ဒပြဖို့စဉ်းစားလိုက်သည်။
Hyungမေးမှသာဖြေ၊ ခိုင်းမှသာလုပ်ပြီး စကားတစ်လုံးမှမပြောဘဲ အသံတိတ်သပိတ်မှောက်နေပေမယ့် ဆော့ဂျင်ထက်ပိုဆိုးတဲ့ဆရာအသေးလေးကြောင့် အခန်းတွင်းလေထုဟာ အပ်ကျသံတောင်မကြားရလောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်နေတာပင်။ဆော့ဂျင်ကိုစာတွက်ခိုင်းထားပြီး စာဖတ်နေတဲ့ဆရာပိစိကိုကြည့်ကာ စိတ်တွေမရှည်လာတာမို့ ငယ်ငယ်ကကိုင်ခဲ့ရတဲ့ကော်ပတ်ရုပ်လေးလို ဖျစ်ညစ်ချင်စိတ်တွေကတဖွားဖွား။ကိုယ်ကသာစိတ်ကောက်ပြနေပေမယ့် သူကတော့ နားညီးသက်သာတယ်လို့တောင် တွေးနေလောက်ပါသည်။
YOU ARE READING
THE SEA ||JINKOOK|| [Completed]