My sea-9

362 60 11
                                    

Unicode & Zawgyi

Unicode

Introvertနှစ်ယောက်နေတဲ့ကွန်ဒိုတိုက်ခန်းဟာ ပုံမှန်အတိုင်းတိတ်ဆိတ်နေခဲ့သော်လည်း ပုံမှန်မဟုတ်တဲ့လေထုအခြေအနေတစ်ခုဟာ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့လူနှစ်ယောက်ကြားတွင် တိတ်ဆိတ်စွာနေရာယူထားလေသည်။လုပ်ချင်ရာလုပ်လာပြီးမှ အသံတိတ်ပြီးထိုင်နေတဲ့ချစ်သူအသေးလေးအား ဘာလို့များဖုန်းလေးတစ်ချက်ဆက်ဖို့ကိုတောင်ဝန်လေးရတာလဲလို့ ပုခုံးကိုကိုင်လှုပ်ပြီးဆွဲမေးလိုက်ချင်စိတ်တွေကတဖွားဖွား။ကော်ဖီရောင်ကော်လံတီရှပ်ကို အဖြူရောင်style pantနဲ့တွဲဝတ်ထားပြီး ဆော့ဂျင်ရဲ့ရှေ့မှာခေါင်းလေးငုံ့ပြီးထိုင်နေတဲ့သူရဲ့လုပ်ရပ်အား ပြန်တွေးရင်းစိတ်မလိုမကျဖြစ်လာတာမို့ ဝတ်ထားတဲ့နက်ပြာရောင်တီရှပ်ရဲ့အပေါ်ဆုံးကြယ်သီးသုံးလုံးလောက်ကိုဖြုတ်ပစ်လိုက်သည်။

နောက်ဆုံးနှစ်တစ်နှစ်တက်ရန်သာကျန်တော့တဲ့ဆော့ဂျင်ဟာ ဖေဖေ့ရဲ့အလုပ်မှာ အရေးပါတဲ့အစည်းအဝေးတစ်ချို့ကိုတက်ရောက်ရတဲ့အထိနေရာတစ်ခုရနေခဲ့ပြီဖြစ်သည်။တက္ကသိုလ်ကျောင်းသားဘဝနှင့် အလုပ်ခွင်ဘဝအား ညီမျှထိန်းညှိရတဲ့အခါတစ်ခါတစ်လေပင်ပန်းခြင်းတွေက လူတစ်ကိုယ်လုံးကိုဖုံးအုပ်ထားမတတ်ပင်။ဒီနေ့လည်းအစည်းအဝေးတစ်ခုတက်ခဲ့ရပြီး အလုပ်သမားပြသနာတစ်ချို့ကိုရှင်းခဲ့ရသေးတာမို့ ခေါင်းကိုက်လာတဲ့ဆော့ဂျင်ဟာ ကုမ္ပဏီကနေစောစောပြန်လာပြီး ပင်လယ်ပြင်လေးဆီရောက်လာခဲ့တာဖြစ်သည်။

သို့သော် ကားထဲကထွက်ထွက်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းဟာ အမောဆို့လာတဲ့ဆော့ဂျင်ရင်ဝကိုစောင့်ကန်လိုက်သလိုပင်။ကျောင်းကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ကားပေါ်ကဆင်းလာတဲ့hyungထက် ညာဘက်ခြေကျင်းဝတ်မှာနေရာယူထားတဲ့ပတ်တီးဖြူဖြူက ဆော့ဂျင်ရဲ့စိတ်တိုရခြင်းအဓိကအကြောင်းအရင်းဖြစ်သည်။ဒဏ်ရာရလာသည်မို့ ပုခုံးကနေထိန်းကိုင်ပေးထားရခြင်းကိုဉီးနှောက်ကလက်ခံပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ရဲ့အတ္တစိတ်ကတော့ သဝန်တိုနေသေးတာမို့ hyungကိုသူ့အရှေ့မှာပဲကျောပိုးကာ တိုက်ခန်းထိခေါ်ဆောင်လာခဲ့တာဖြစ်သည်။

THE SEA ||JINKOOK|| [Completed]Where stories live. Discover now