Unicode & Zawgyi
Unicode
"Hyung.......တံခါးဖွင့်ဉီးhyung"
တံခါးပေါက်အား အလောတကြီးဖြင့်ထုရိုက်သံဟာ ကော်ရစ်ဒါတစ်လျှောက်ကျယ်လောင်စွာပျံ့နှံ့သွားသော်လည်း အခုလောလောဆယ်မှာဂရုမစိုက်နိုင်သေး။ညနေခင်းကျောင်းသွားကြိုတော့ ကြားခဲ့ရတဲ့သတင်းတစ်ခုက ဆော့ဂျင်ရဲ့ပူပင်မှုတွေကို အတိုင်းအဆမရှိပူလောင်စေတာမို့ အခုလောလောဆယ် hyungမျက်နှာလေးကိုတွေ့ရဖို့ကသာအရေးကြီးဆုံးဖြစ်သည်။ဘဲလ်တီးနေတာလည်းမကြားသည့်အပြင် တံခါးကိုထုရိုက်နေသော်လည်းတုံ့ပြန်လာခြင်းမရှိတဲ့hyungအား စိုးရိမ်စိတ်တွေက အခုချိန်ထိဘာကိုမှရေရေရာရာမတွေးပေးနိုင်တော့တဲ့အထိ ဉီးနှောက်တစ်ခုလုံးမှာနေရာယူသွားပြီဖြစ်သည်။
သိပ်မကြာ ပွင့်သွားတဲ့တံခါးနဲ့အတူ အိပ်ချင်မူးတူးမျက်နှာသေးသေးလေးကိုမြင်လိုက်ရတော့မှ စိတ်ကိုအဆုံးထိလျှော့ချလိုက်ပြီး ဘာစကားမှအဆိုမခံဘဲ ကိုယ်လုံးလေးကိုတင်းကြပ်နေအောင်ဖက်ပစ်လိုက်သည်။နဂိုကတည်းကသေးငယ်တဲ့အပြင် ပြင်ဆင်ထားခြင်းမရှိတဲ့အချိန်မှာ ဝင်လုံးလိုက်သလိုဖြစ်သွားတာမို့ အနောက်ကိုယိုင်ကျတော့မယ့်hyungအား ခါးသိမ်သိမ်လေးကနေသိမ်းပွေ့ကာ နှစ်ယောက်ကြားလေတိုးလို့မရအောင်အထိ ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။
"ခဏလွှတ်ဉီး.......တံခါးမပိတ်ရသေးဘူး"
ပုံမှန်ဖြစ်နေတဲ့အသံ၊ ထိခိုက်မှုကင်းတဲ့ခန္ဓာကိုယ်လေးကိုစစ်ဆေးပြီးပြီဆိုမှ ဖက်တွယ်ထားရာကနေလွှတ်လိုက်ပြီး ဧည့်ခန်းထဲမှာဆိုဖာပေါ်မှာ အင်အားကုန်ခမ်းစွာထိုင်ချလိုက်မိသည်။တံခါးသွားပိတ်ပြီးပြန်လာတဲ့hyungဟာ ဆော့ဂျင်ဘေးမှာဝင်ထိုင်လာပြီး မျက်လုံးတွေထဲစိုက်ကြည့်လာတာမို့ ခေါင်းငြိမ့်ပြလိုက်တော့ သက်ပြင်းကိုအသာရှိုက်ကာ ဆော့ဂျင်ပေါင်ပေါ်လက်တင်လိုက်တာမို့ ထိုလက်ဖဝါးကိုတယုတယဆုတ်ကိုင်ပြီး နှုတ်ခမ်းဖြင့်အနမ်းပေးမိသည်။
"ကျောင်းကိုရောက်ခဲ့တာလား"
"အင်း......သတင်းကြားလိုက်ရတုန်းက ဘယ်လောက်ပူထူသွားလဲသိလား"
YOU ARE READING
THE SEA ||JINKOOK|| [Completed]