(18)ကောကော ဒါကို စားကြည့်

1.5K 275 8
                                    

(18) ကောကော ဒါကို စားကြည့်

ရုန်ကျန်းရဲ့ရုံးခန်းထဲမှာ ကွန်ပျူတာတစ်လုံးပဲရှိတယ်။

ထိုရုံးကွန်ပျူတာထဲမှာ စီးပွားရေးဆိုင်ရာ လျို့ဝှက်သတင်းတွေအများကြီးပါဝင်နေနိုင်တာကြောင့် ရုန်ရုန်သွားထိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

အနာဂတ်မှာ သံသယဝင်နိုင်တဲ့အရာမှန်သမျှကို ရှောင်ရှားတာအကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါမှသာ လျို့ဝှက်ချက်တွေ မတော်တဆပေါက်ကြားတာမျိုးတွေအတွက်လည်း ရှောင်ရှားနိုင်မှာလေ။

ရုန်ကျန်းက သူအစည်းအဝေးက ပြန်မလာမချင်း စောင့်ဖို့မှာထားခဲ့တယ်။  အတိတ်တုန်းကသာဆို ရုန်ရုန်က နားမထောင်မှာ အသေအချာပဲ။ သူက ရုန်ကျန်းကို အလွန်အကျွံနှိပ်ကွပ်တယ်၊ ကျိုးကြောင်းမစီလျော်ဘူး လို့တောင် တွေးပြီး ရုန်ကျန်းနဲ့ စကားများရန်ဖြစ်နိုင်လောက်သေးတယ်။

အခုရုန်ရုန်ကတော့ ထိုသို့မတွေးတော့ဘူး။

သူ့အနေနဲ့ ဘဝမှာ တစ်စုံတစ်ယောက်မှ အမှန်တကယ် ဂရုစိုက်ပေးတာက ဘယ်လောက်တောင် အဖိုးထိုက်တန်သလဲဆိုတာကို သဘောပေါက်နေခဲ့ပြီလေ။

အစည်းအဝေးပြီးတဲ့အထိ စောင့်နေလိုက်တာပေါ့။ ဘယ်လောက်မှ ကြာမှာမှမဟုတ်ဘဲ။

ရုန်ရုန် ဆိုဖာပေါ်မှာထိုင်ရင်း ဝီချက်ထဲမှ groupတွေကို ဝင်ကြည့်နေလိုက်တယ်။

အတိတ်ဘဝတုန်းက သူ ရေမွှေးချစ်သူတွေgroupနဲ့ ကုန်ကြမ်းပစ္စည်းတင်ပို့ရောင်းချတဲ့ groupတွေထဲကို ဝင်ထားခဲ့တာကိုမှတ်မိနေသေးတယ်။ သူ ဟဲယွီနဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်ပြီဆိုတော့ အနာဂတ်မှာ ကုန်ကြမ်းတွေအတွက် ကိုယ်တိုင်ရှာမှဖြစ်တော့မယ်။

ယုံကြည်အားထားရတဲ့ ကုန်ကြမ်းတင်သွင်းသူကို ရှာတွေ့နိုင်ရင်တော့အကောင်းဆုံးပဲ။ ဒါဆို သူလည်း ရေမွှေးကုန်ကြမ်းစျေးကွက်ကို ခဏခဏသွားနေစရာမလိုအပ်တော့ဘူး။

ရုန်ရုန်ရဲ့ "အိပ်ပျော်နေသောအလှလေး"က အိုင်းရစ်ကိုအခြေခံထားတဲ့ ရေမွှေးပဲ။ နောက်ပြီး ရေမွှေကုန်ကြမ်းအများစုကလည်း ပစ္စည်းကောင်းတွေနဲ့ဖော်စပ်ခဲ့တာ။ ဒါပေမဲ့အဓိကပါဝင်ပစ္စည်းက အိုင်းရင်းမြစ်ရဲ့ သန့်စင်တဲ့အဆီအနှစ်ဖြစ်တာကြောင့် ပိုပြီး ခက်ခဲလိမ့်မယ်။

အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ! Where stories live. Discover now