"ဘာ!!"
"ဟာလန့်တာ ဘာဖြစ်တာလဲ"
"မင်းးမင်းငါ့ကိုသီချင်သွားဆိုမယ်လို့ပြောလိုက်တာလား ခုနက"
"အေးလေ"
"တော်ပါကွာ အရင်တစ်ခေါက်ကလည်းသွားဆိုမယ်ဆိုပြီးအဖေ့ဂီတာကိုယူလာတာ သူဖြင့်လေတောင်မချွန်ခဲ့ပဲနဲ့များ။မလိုက်ဘူးဟေ့ကောင်"
ထိုသို့ပြောတော့မြင့်မောင်မှာပြာပြာသလဲ
"ငါ ငါဒီတစ်ခါအတည်ပါကွာ။လိုက်ခဲ့ပါနော် နော်လို့"
"မလိုက်ဘူးကွာ မရှိမဲ့ရှိမဲအရှက်လည်းဒင်းလုပ်လို့ကုန်ပြီ"
ပြောရင်းဆိုရင်ခြုံနားမှထွက်သွားလေသည်။ နောက်မှကျန်ခဲ့သည့်မြင်မောင်ကလည်းအပြေးတစ်ပိုက်လိုက်တာပူဆာနေပြန်သည်။ ရွာလမ်းတစ်လျှောက်အချင်းများသံနှင့်ဆူညံ့နေတော့သည်။
_____
မောင်မောင်ကိုသူဒီနေ့စိတ်ဆိုးနေပါသည်။ဘွားဘွားနဲ့ခဏကလေး အပြင်လိုက်သွားတာပြန်လာတော့မောင်မောင်ကိုမတွေ့တော့ပါ။
ဘဘကြီးကတော့ကိုကြီးမြင့်မောင်နဲ့ပါသွားသည်ပြောတာပါပဲ။ သိုဖြင့် သူ့ကိုနည်းနည်းတော့စောင့်ခေါ်သင့်တယ်မလား။
မန်ကျီးပင်အောက် ကွပ်ပစ်ပေါ်တွင်ခြေဆင်းကာ အိမ်ရှေ့တံခါးသို့ကြည့်နေမိသည်။ နှုတ်ခမ်းဆူဖို့ကိုတော့မမေ့ပါ။ထိုစဉ် ခြံရှေ့သိုရောက်လာသောအရိပ်တစ်ခု။ ထိုအရိပ်ကိုမြင်တော့ကွပ်ပစ်ပေါ်ရှိကောင်လေးသည် စိတ်ဆိုးနေသည်ကိုမေ့ကာ ထိုအရိပ်ထံပြေးသွားတော့သည်။
"မောင်မောင်"
"ဟာနွဲ့တင့် အိမ်လည်ကပြန်လာပြီလား"
ခေါင်သာငြိမ်ပြပြီးနှုတ်ခမ်းကိုအတက်နိုင်ဆုံးဆူကာထားသည်။မောင်မောင်ကရိပ်မိသည်ထင်
"စိတ်ဆိုးနေတာလား အပြင်သွားတာမခေါ်လို့လား မြင့်မောင်ကအတင်းခေါ်လို့ပါသွားတာရယ် "
သူမျက်နှာအားချော့သလိုကြည့်ကာနူးညံသောအသံဖြင့်ဆိုလာသူ။သူအနည်းငယ်တော့ထိုနှုတ်ခမ်းအား မာန်လျှော့လိုက်ပါသည်။
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....