1

2.7K 148 29
                                    

"ခင်ဗျား သာခွင့်မပြုရင် ဘယ်မိန်းကလေးက ခင်ဗျားနားအဲ့လောက်ကပ်ရဲမှာလဲ ခင်ဗျားမငြင်းလို့သူကပ်ရဲတာ
ခင်ဗျားကိုယ်တိုင်ကလည်း မသိစိတ်မှာသာယာနေလို့မငြင်းတာပေါ့
ဝန်ခံလိုက် Khun Gemini "

"Fourth Natawat Jirochtikul"

March လအကုန်နားရောက်နေပြီမို့ ဆောင်းအကုန်နွေဦးအကူးကာလဖြစ်တာကြောင့် UK ညဟာအရိုးခိုက်အောင်အေးမနေတော့ပေမယ့် ညဉ့်နက်ပိုင်းရောက်လာတော့အချမ်းဓာတ်ကကဲလို့နေသေးသည်

ဒါပေမယ့်......
ဒီဘဲရဲ့ သွားကြားထဲကစိမ့်ထွက်လာတဲ့လေသံအေးစက်စက်ကိုတော့ဖြင့် လန်ဒန်မြို့ရဲ့ညလေအေးကမယှဉ်နိုင်ပါ......

တင်းနေအောင်ကျုံ့ထားတဲ့မျက်ခုံးထူထူ.....
ဒေါသထွက်လာရင်လုပ်တတ်တဲ့အကျင့်အတိုင်း အောက်နှုတ်ခမ်းကိုလျှာနဲ့တစ်ချက်သပ်ပြီး အံကိုခပ်ဖိဖိကြိတ်လိုက်တာမို့ ထင်းထွက်သွားတဲ့မေးရိုးထောင့်ချိုးတွေ......
လုပ်ချင်ရာလုပ်ပြီးဘယ်တော့မှပြန်မဖြေရှင်းတတ်တဲ့ဒီယောက်ျားသားဟာ Fourth မျက်နှာကို စိတ်ပျက်စရာသတ္တဝါ‌တစ်ကောင်လိုက်စိုက်ကြည့်နေသည်မှာ ဆွဲထိုးပစ်ချင်စရာ......

"မဟုတ်ရင်ဖြေရှင်းလေ ဟုတ်လို့ငြိမ်ခံနေတာမလား
ခင်ဗျား အဲ့စော်ကိုဘယ်ထဲကကြွေနေတာလဲဖြေ"

bartender စော်ကြည်ဘဲအလုပ်လုပ်တဲ့ bar ဘေးကလမ်းကျဉ်လေးထဲမျက်နှာချင်းဆိုင်ရပ်ရင်းစကားအချေအတင်ဖြစ်နေကြတာဖြစ်လို့ လမ်းမီးကိုကျောခိုင်းရပ်နေတဲ့ ဒီအမျိုးသားရဲ့အရိပ်ဟာ Fourth တစ်ကိုယ်လုံးပေါ်ခြုံငုံအုပ်မိုးကျရောက်လို့နေလေ၏.....

"မင်း....စောက်စကားပြောတာဘောင်ကျော်မလာနဲ့"

"ဟား"

မျက်နှာကိုထိတော့မတတ် လက်ညိုးထိုးရင်းပြောလာတာမို့ လက်ညှိုးမှာစွပ်ထားတဲ့ လက်စွပ်အရောင်ဟာ လမ်းမီးတိုင်အလင်းကြောင့် Fourth မျက်လုံးထဲလင်းခနဲတစ်ချက်ဖြစ်သွားသည်.....

စိတ်ပျက်စွာခေါင်းမော့ရင်း ခပ်မဲ့မဲ့ရယ်ချလိုက်မိတော့၏......

Fourth ကိုတစ်ချက်စိုက်ကြည့်ရင်းက ကျွတ်စုပ်ရင်းဆံပင်တွေကိုတစ်ချက်သပ်တင်လိုက်ချိန် ညာဘက် ပုခုံးပေါ်ကနေလက်ဖျံတစ်ဝက်ရောက်သည်အထိစိနေအောင်ထိုးတားတဲ့ tattoo တွေက တီရှပ်လက်ပြတ်အမည်း အောက်ကလက်မောင်းတောင့်တောင့်ပေါ်မှာထင်းခနဲပေါ်လာလေသည်......

Negotiation (Complete)Where stories live. Discover now