9 🔞🔞

1.7K 111 59
                                    

ဒီအခန်းမှာ ဘာဇာတ်လမ်းဇာတ်ကွက်အလှည့်အ‌ပြောင်းမှမပါပါဘူး
ဒီအခန်းကိုကျော်ဖတ်လည်းနောက်အခန်းမှာအချိတ်အဆက်မမိတာမျိုးတွေမဖြစ်ပါဘူး
ဒါကြောင့်မို့ ဆယ်ရှစ်နှစ်မပြည့်‌ရင် လုံးဝ မဖတ်ပါနဲ့ ကျော်သွားကြပါ...... please 🥺 🥺

လည်တိုင်ကိုတင်းနေအောင်ဖက်တွယ်နမ်းရှိုက်နေရင်းက ငံပြပြအရသာတစ်ချို့ ခံတွင်းထဲဝင်ရောက်လာတာမို့ နမ်းတာကိုခဏရပ်ပြီးလူချင်းခွာလိုက်တော့ မျက်ခုံးထူထူတွေဟာအလိုမကျစွာတွန့်ကျိုးသွားကြသည်......

"အခန်းထဲရောက်ပြီလေ"

"ခင်ဗျားနှုတ်ခမ်း သွေးပြန်စို့နေပြီ ဆေးအရင်ထည့်ပေးမယ်"

"ဆေးထည့်ရင် မင်းနှုတ်ခမ်းကိုဘယ်လိုနမ်းရမလဲ
ဆေးတွေမင့်ပါးစပ်ထဲဝင်ကုန်ရင် နေထိုင်မကောင်းဖြစ်မယ်"

"တခြားနေရာကိုနမ်းပေါ့ခင်ဗျားရယ်"

"မင်းကကွာ"

ခါးကလက်တွေပိုတင်းပြစ်လိုက်တော့ရင်ဘက်နှစ်ခုကတစ်သားထဲကပ်သွားပြီး ဒီလူ့အာငွေ့နွေးနွေးလေးဟာ Fourth ရဲ့နဖူးပြင်ကိုညင်သာစွာထိတွေ့သည်..….
အောက်နှုတ်ခမ်းညာဘက်ထောင့်ချိုးလေးသွေးစို့နေတာကိုကြည့်ပြီး Fourth စိတ်ထဲတကယ်ပဲဒီလူကိုထပ်အားနာမိပြန်ပါသည်.....…

တစ်ဆက်ထဲမှာပဲ Fourth အပေါ်နဲနဲလေးမှမငြိုငြင်တဲ့စိတ်ထားလေးကိုတွေ့ရတော့ပိုပြီး ဝမ်းသာဝမ်းနည်းဖြစ်ရသည်......

ကိုယ့်ဘက်ကလွန်လွန်ကြူးကြူးတွေလုပ်မိထားတာတောင်မှ သူကအရင်ဦးအောင်တောင်းပန်ပြီး Fourth ကိုတပြန်နှစ်သိမ့်ပေးသေးတာ.......

မာနကြီးလွန်းတဲ့ အမျိုးသားက Fourth မျက်ရည်ကျတာလည်းမြင်ရော Faye နဲ့တခြားအမျိုးသမီးတစ်ယောက်ရှိနေတာတောင်ဂရုမစိုက်ပဲ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တတွတ်တွတ်‌ချော့မြူနေသေးတာ.......

ဘယ်လောက်တောင်လွမ်းဆွတ်နေခဲ့သလဲဆိုတာကတော့ Fourth ကိုအတင်းတွေပွေ့ဖက်ပြီးရူးရူးမူးမူးခြွေချနေတဲ့အနမ်းတွေကသက်သေပင်..…...
Fourth ကိုယ်တိုင်လည်းမျော့နေအောင်လွမ်းခဲ့ရတာမို့ ဒီရင်ငွေ့ကိုမလွန်ဆန်နိုင်ပါ......

Negotiation (Complete)Where stories live. Discover now