3

1.3K 119 33
                                    

"မနေ့ကငါ Gun ကိုလိုက်ပို့ပြီးပြန်လာတော့ Fourth ကို ဘဲတစ်ဗွေနဲ့တွေ့ခဲ့တယ် 
ဘဲကအတော်လေးလန်းတယ်ကွ
ငါ့တို့ကိုတွေ့တော့ Fourth ကလာနှုတ်ဆက်တာနဲ့ပဲကော်ဖီအတူသောက်ဖြစ်ခဲ့ကြသေးတယ်
‌အဲ့ဘဲနာမည်က Pond တဲ့ မင်းအဲ့လူကိုသိလား ငါတော့ Fourth နဲ့အဲ့လူနဲ့အင်မတန်လိုက်ဖက်တယ်လို့ခံစားရတယ် သိလား"

"သိတယ် သူ့အစ်ကိုတစ်ဝမ်းကွဲ မန်ချက်စတာ‌ မှာသူ့အဖိုးအဖွားတွေနဲ့အတူနေတာ"

"အော်..... Fourth လဲအရင်က မန်ချက်စတာ မှာနေတာပဲနော်
သူသာလန်ဒန်ပြောင်းမလာခဲ့ရင်မင်းနဲ့တွေ့ဖြစ်မှာမဟုတ်ဘူး
ကောင်လေးကံဆိုးရှာတယ်"

"မသိရင်ကျွန်တော်ကပဲ as*hole ကြီးကျလို့"

Phi Off ပြောသလို လွန်ခဲ့တဲ့လေးနှစ်လောက်က Fourth သာ မန်ချက်စတာကနေ သူ့မိဘတွေရှိတဲ့ လန်ဒန်ကို ပြောင်းရွေ့မလာခဲ့ဘူးဆိုရင်......

Paul နဲ့ ဘော်ဒါအရင်အချာတွေဖြစ်၊ Fourth ရဲ့မာမီ့လည်းဖြစ်တဲ့ Mis. Lily ရဲ့ swimming pool party ကိုသာ Paul နဲ့အတူ Gem မလိုက်သွားဖြစ်ခဲ့ရင်........

အဲ့နေ့က ကိုယ်ဖျော်ပေးတဲ့ cocktail တွေနင်းကန်သောက်ပြီး အမူးလွန်နေတဲ့ Fourth ကိုသိပ်ဆွဲဆောင်မှုရှိတဲ့ကောင်လေးလို့ Gem မမြင်ခဲ့မိဘူးဆိုရင်.......

နေ့စဉ်နဲ့အမျှ Gem နောက်တကောက်ကောက်လျှောက်လိုက်ပြီး ပြဿနာပေါင်းသာင်းခြောက်ထောင်တက်အောင်လုပ်တတ်တာကို ချစ်စရာကောင်းတဲ့အပြုအမူတွေလို့သာ Gem မမြင်မိခဲ့ရင်.......

Gem နဲ့အဲ့ဒီဂြိုလ်သားဟာ ဒီအဆင့်ထိတက်လာစရာအကြောင်းမရှိပါချေ......

"ဟော....ဟော....ဟော
ကောင်လေးတစ်ယောက်ဆွေးသွားပြီ ဟုတ်တယ်မလား....ဟ..ဟ
tell the truth bro"

"ဆွေးစရာဘာအကြောင်းရှိလဲ
ကဲ Phi Off ဘာသောက်မှာလဲပြော"

အခုတလော ပတ်ဝန်းကျင်မှာ Fourth အကြောင်းတွေချည်းကြားနေရတာမို့ Gem ခပ်မြန်မြန်ပဲစကားလမ်းကြောင်းလွှဲပြောလိုက်သည်.....

လူက အလုပ်လုပ်ရတာစိတ်နဲ့ကိုယ် လမိုင်းသိပ်မကပ်ရတဲ့အထဲ ဒီလောက် ငါးရက်နဲ့နေ့တစ်ပိုင်းတိတိ ပေါ်မလာတဲ့ဂြိုလ်သားအကြောင်းကို Gem ခေါင်းထဲပေးမဝင်ချင်ပါ......

Negotiation (Complete)Where stories live. Discover now