4

1.4K 134 30
                                    

"သတိရတယ်မလား မလိမ်နဲ့"

"ဘယ်သူကလိမ်နေလို့လဲ သတိရတာပေါ့
မာမီတောင် ဒယ်ဒီနဲ့ခွဲရရင်သတိရသေးတာပဲ သားလည်းသတိရတာပေါ့"

"ကြည့် မအေကိုပြန်ပြောပုံက ကတ်ကတ်ကိုလန်နေတာပဲ အဲ့လိုစွာလို့ ဘဲပစ်ခံရတာ"

"မာမီ"

Fourth ကမကျေမခြမ်းရေရွတ်တော့ မာမီက Fourth ပါးကိုလိမ်ဆွဲရင်းအော်ရယ်သည်......
Fourth လုပ်နိုင်တာဆိုလို့ ခေါင်းကိုခပ်ဖွဖွခါရမ်းရင်း ကားဆက်မောင်းဖို့သာဖြစ်၏

"သတိရရင်ထုံးစံအတိုင်းပြန်သွား တွေ့လိုက်ပေါ့ Gem ကလည်း သားကိုသတိရနေလောက်မှာ"

"မထင်ပါဘူး"

တကယ်မထင်တာပါ.....
Fourth ကသာနေ့စဉ်နဲ့အမျှသတိရစိတ်ကို နင်းဖျင်းထိန်းချုပ်နေရတာ.......
ဘဲကတော့ထုံးစံအတိုင်းခပ်အေးအေးပဲ အလုပ်သွားလိုက်၊ အိမ်ပြန်အိပ်လိုက်နဲ့သူ့တစ်နေ့တာကို သူ့စိတ်တိုင်းကျ သာမန်ဆန်ဆန်ဖြတ်သန်းနေမှာအသေအချာပဲ.....
လူကိုသတိရဖို့နေနေသာသာ သူစိတ်ပြတ်နေတဲ့ကောင် သူ့ဘေးကထွက်သွားတာဝမ်းတောင်သာနေပါအုံးမည်........
Fourth မှာသာတစ်ခါတစ်ခါသတိရရင် လူရှေ့သူရှေ့ဟန်မဆောင်နိုင်အောင် နင့်နင့်နဲနဲခံစားရတာ ဒင်းကတော့အ‌ရက်သောက်တောင်ပျက်မှာမဟုတ်ဘူး.......
ဒီတစ်ခါ Fourth တကယ်နေနိုင်အောင်နေတော့မှာ.......
နီးစပ်ဖို့ခြေလှမ်းကို ကိုယ့်ဘက်ကစမလှမ်းတော့ဖို့ဆုံးဖြတ်ထားပြီးသား.......
စချစ်ရတဲ့သူမှာလည်း မာနတော့ရှိတာပဲလေ.....‌
သေအောင်လွမ်းတာကတစ်ပိုင်း ထပ်ဈေးမပေါချင်တော့တာကတစ်ပိုင်း ရောနှောပစ်လို့မှမရတာ.......

"ဟော......ကြည့်
မျက်နှာလေးကဘယ်လိုတွေဖြစ်တုန်းအချစ်လေးရယ်
လွမ်းနေရင်လည်းသွားတွေ့လိုက်ပါလား Gem လည်းသားကိုသတိရနေရှာမှာ"

"သတိမရလောက်ပါဘူးမာမီရာ တကယ်လို့သတိရတယ်ဆိုရင်သူဆက်သွယ်လာပါမှာပေါ့ သတိမရလို့သာအဆက်အသွယ်မလုပ်တာ
အမြဲတမ်းသားပဲအလျော့ပေးနေရတာ ဒီတစ်ခါတော့သားသူ့ကိုအလျော့မပေးချင်တော့ဘူး ပြတ်မှာ အတည်ပြောတာ"

"သားပဲအလျော့ပေးရမှာပေါ့ သားတို့ရန်ဖြစ်တိုင်းသားကချည်း သူ့ကိုရန်စတာပဲမဟုတ်ဘူးလား
ဟိုကမကြိုက်မှန်းသိသိရက်နဲ့ သားကမဟုတ်တဲ့လူတွေနဲ့စွပ်စွဲတာကိုး"

Negotiation (Complete)Where stories live. Discover now