7

1.6K 138 39
                                    

"ဘာသောက်မှာလဲ Faye"

"ဘီယာပဲသောက်မယ် မျက်ရည်ရောတဲ့‌ cocktail တွေမသောက်ချင်ဘူး"

"ထိုးလွှတ်လိုက်ရ"

"ဟ.....ယူ ကဘယ်လိုဘဲလဲ မိန်းကလေးတွေကိုလည်းအဲ့လိုအကြမ်းဖက်တာပဲလား"

"ခင်ဗျားကမိန်းကလေးလား"

မိန်းမယောင်ဆောင်ထားတဲ့မိန်းမကျားကြီးကို Gem ဘီယာတစ်ပုလင်းဖောက်ပေးလိုက်တော့ ပြုံးစိစိနဲ့လှမ်းယူသည်.....
သူငယ်ချင်းတွေကြားထဲလှုပ်တုပ်လှုပ်တုပ်‌လေးကနေတဲ့ Yoko ကိုကြည့်ပြီး ဘီယာအေးအေးကိုတစ်ကျိုက်ချင်းအရသာခံသောက်နေတဲ့ပုံက စားဘဲကြီးအထာအပြည့်နဲ့မို့ Faye ကိုကြည့်ပြီး Gem ခေါင်းခါမိပါ၏......

မသိရင်သူက Daddy Type ကြီးပါပေါ့.....
တကယ်က ဒင်းဘယ်လောက် မယက ဆန်သလဲဆိုတာတစ်လောကလုံးသိပြီးသား.....

ဟိုကစိတ်လေးများကောက်နေရင် နေစရာထိုင်စရာမရှိအောင်ပြာနောက်နေတတ်တာလူမြင်လို့တောင်မကောင်း......
ကလေးမက နဲနဲလေး ပစားပေးလိုက်တာနဲ့တစ်လောကလုံးကို လေပတ်တိုက်ပြီး သူ့တစ်နေရာထဲမုန်တိုင်းကွက်ကျနေသလိုအချိုးမျိုး ချိုးတတ်သေးတာလည်း သူ့အပြင်နှစ်ယောက်မရှိချေ.......
အခုလည်းသူ့ဟာလေးနဲ့အဆင်ပြေနေတော့ အရက်မှာတာတောင်မှ လတ်တလောမှာဘက်ပဲ့နေတဲ့ Gem ကိုနှိမ်ချင်ချိုးချင်တဲ့စကားလုံးတွေနဲ့လေလာတိုက်နေသေးသည်....…

ပြီတီတီပြုံးဖြဲဖြဲမျက်နှာကိုကြည့်ပြီး Gem ထပ်နှာခေါင်းရှုံ့မိပါ၏......

ရုပ်ကစော်နဲ့အဆင်ပြေရင်တစ်မျိုး မပြေရင်တစ်မျိုး......
စော်ရှေ့ကျတစ်မျိုး ကွယ်ရာကျတစ်မျိုး......
စော်နဲ့အတူရှိရင်တစ်မျိုး မရှိရင်တစ်မျိုး.......
‌စောင်အမျိုးမျိုးရောင်းဝယ်ရေးဒိုင်မှာတောင် သူ့လောက်စောင်အမျိုးမစုံနိုင်......

"လာထိုင်"

ကောင်တာရှေ့ကခြေတံရှည်ခုံကိုပုတ်ပြပြီး Gem ကိုခေါ်သည်....
ငြင်းတာပေါ့......
ကိုယ့်အရက်ကိုယ်သောက်ပြီးသူများလေတိုက်တာကျေကျေနပ်နပ်ကြီးသွားခံရလောက်အောင် Gemini Norawit တို့ငတုံးမဟုတ်ဘူး.....

Negotiation (Complete)Where stories live. Discover now