2

1.3K 123 16
                                    

"ရော့.....နှစ်ခုပြင်ထားတယ် ကြိုက်တာသုံး ဟိုနားပြင်ခိုင်းဒီနားပြင်ခိုင်းမလုပ်နဲ့ မပြင်ပေးဘူး"

"ဟ.....မင်းဘယ်လို graphic designer လဲ customer ကိုဆက်ဆံပုံကရင့်သီးလှချည်လား
ဘဲကချေလွှတ်လိုက်လို့အသဲကွဲလာပြန်ပလား"

"ငါ့သောက်ကြောင်း"

မျက်ခုံးတွေကိုလက်နဲ့ကုတ်ရင်းရန်ထောင်နေတဲ့ Fourth ကို ငယ်ကျိုးငယ်နာမှန်သမျှအကုန်သိတဲ့ Satang ကပြုံးပြုံးလေးနဲ့အနာပေါ်ဆားဖြူးချသည်.....
ဘာမှမဖြစ်သလိုအဆဲတစ်ဝက်နဲ့ပြန်ဖြေလိုက်ရပေမယ့် မှန်နေတော့လည်းရင်ထဲအောင့်နေအောင်ခံရလေသည်...... 

ဒီဘဲ Fourth အပေါ်ဘယ်လောက်ထိချေမိုးသလဲဆိုတာ တစ်လောကလုံးအသိ......

"အဟမ်း....ငါတို့ဒီတစ်ခါထုတ်မယ့် skateboard အတွက် မော်ဒယ်ငှားထားတာလေ
အဲ့မော်ဒယ်ကအရမ်းလန်းတယ်မင်းသိလား"

Fourth စိတ်မကောင်းဖြစ်သွားမှန်းသိတော့ Satang ကအကြောင်းမရှိအကြောင်းရှာကာ စကားလမ်းကြောင်းလွှဲသည်....

Fourth လည်း Satang စကားကိုအလိုက်အထိုက်ပြန်ပြောရင်းအာရုံပြောင်းဖို့ကြိုးစားရပါ၏.....

လေးဆယ့်လေးနာရီနဲ့ မိနစ်နှစ်ဆယ်တိတိကြာသည်အထိ ဖုန်းမခေါ်ပဲပစ်ထားတဲ့ ဘဲအကြောင်းကို Fourth ယောင်လို့တောင်မှပဲမစဉ်းစားချင်ပါ......

"ဘယ်သိမလဲ မင်းပြောမှသိမှာပေါ့
ဘယ်သူလဲ"

"Winny လေ.....အပြင်မှာအရမ်းကြည့်ကောင်းတယ်သိလား အသားကိုဖွေးကြည်နေရော အရပ်ကြီးကလည်းအမြင့်ကြီးကွာ ချောလိုက်တာမှလွန်ရောပဲ"

"အေးသိတယ်လေ မျက်ပေတုံးနဲ့တစ်ယောက်မလား"

ဒီကောင်အသဲအသန်ဖြစ်နေတာကြောင့်ရော အဲ့မော်ဒယ် ချေလွန်းတာကြောင့်ပါ Fourth ကြည့်မရလို့တမင်ရွဲ့ပြောလိုက်တာ.......
တကယ်က အဖေအိုင်းရစ်သွေးနဲ့ အမေတရုတ်ထိုင်းကပြားရဲ့ကောင်းခြင်းအဖြာဖြာတွေစုဆုံနေကြောင့် တောင့်တောင်ဖြောင့်ဖြောင့်ဒီ‌မော်ဒယ်ဟာသူ့နယ်ပယ်‌မှာတော့ တော်တော်လေး ပေါက်ရောက်တာကို Fourth သိသင့်သလောက်သိပါသည်.......

ပြီးတော့ အဲ့အချေကောင် မော်ဒယ်ရဲ့အစ်မက ဟိုဘဲနာကြီးနဲ့ အမြဲတပူးပူးတတွဲတွဲတွေမလို့ ‌ကြွက်မနိုင်ကျီမီးနဲ့ရှို့ဆိုသလို ကိုယ့်ဘဲကိုမနိုင်တော့ မဆိုင်တဲ့ မော်ဒယ်မောင်နှမကို Fourth မနာလိုမရှုစိမ့်နိုင်စွာ ကော် ပြောမိတော့သည်....
ကင်းကင်းနေပါတော့မယ်ဆိုကာမှ မျက်စိနှစ်လုံးဖွင့်လို့ကြားလိုက်သမျှ ဒင်းလက်ကကိုမလွတ်နိုင်......

Negotiation (Complete)Where stories live. Discover now