8

1.6K 144 69
                                    

"Fourth.... Fourth"

"ဟမ်... Arthur ပြောလေ"

"အိမ်ရောက်ပြီ"

အိမ်‌တောင်ပြန်ရောက်ပြီပေါ့......
တစ်လမ်းလုံးအတွေးလွန်လာခဲ့တာမို့ Fourth အိမ်ကိုပြန်ရောက်လို့ရောက်လာမှန်းပင်သတိမထားမိပါ......

Gem ကိုစိုးရိမ်စိတ်၊ ဒီလောက်အလေးနက်ထားတဲ့ကြားကအစွပ်စွဲခံရလို့ခံပြင်းစိတ်၊ ကိုယ်ထိလက်ရောက်ပြုမူလိုက်တာကိုနောင်တရစိတ်၊ Faye နဲ့ပူးကပ်နေတာကိုမြင်ထားရတာဖြစ်လို့ သဝန်တိုစိတ်တွေဟာ Fourth အာရုံထဲဝဲလည်ဖြန့်ကျတ်ထားသည်.......

သွေးတွေလူးနေတဲ့ခြေထောက်တစ်ဖက်ကိုပါပြန်မြင်မိတော့ Fourth စိတ်မအေးနိုင်စွာပင့်သက်ရှိုက်မိပြန်သည်......

Arthur ဆွဲခေါ်လာတာကြောင့်ရော Fourth ကိုယ်တိုင်စိတ်ခံစားချက်တွေရှုပ်ယှက်ခတ်နေတာကြောင့်ပါ အိမ်ကိုပြန်လာခဲ့ရပေမယ့် Gem ကိုတစ်ယောက်ထဲထားခဲ့ရတာတကယ်စိတ်မချပါ.......

ပြန်လာခါနီး လူကိုစိုက်ကြည့်နေတဲ့အကြည့်ကိုပြန်တွေးမိချိန် ဝမ်းနည်းပူဆွေးမှုပါ Fourth ရင်ဘက်ထဲထပ်ဆောင်းနေရာယူလာပြန်သည်......

မျက်တောင်တစ်ချက်မခတ်ပဲ Fourth မျက်နှာကိုမမှိတ်မသုန်စိုက်ကြည့်နေခဲ့တဲ့မျက်ဝန်းတွေ......
မျက်သားတွေရဲတွတ်ပြီး မျက်စံတွေနီစွေးကာ မျက်ရည်ကြည်တစ်ချို့ဝေ့သီနေတဲ့မျက်ဝန်းတွေရဲ့အကြည့်က Fourth ရဲ့မှတ်ဉာဏ်ထဲ ဓာတ်ပုံရိုက်ယူထားသလိုကို ထင်ထင်ရှားရှားစွဲကျန်ရစ်သည်.......

အဓိပ္ပယ်မဖော်တတ်ပေမယ့် အပြင်းထန်ဆုံးသောစိတ်ခံစားချက်ပေါင်းစုံရောယှက်နေတဲ့ ‌ဒီအကြည့်‌ကိုတော့ဖြင့် Fourth မျက်လုံးထဲကမထွက်ချေ......

တွဲလာခဲ့တဲ့သက်တမ်းတစ်လျှောက် Gem မျက်နှာပေါ်မှာ ဒီလိုအကြည့်မျိုးတစ်ခါမှမမြင်ဖူးခဲ့ပါ.....

အပိုင်းပိုင်း အစစ ပြိုကျနေတဲ့မျက်ဝန်းညိုတွေ......

ဟား....... Gem ကိုတစ်ယောက်ထဲထားခဲ့မိတာကို Fourth နောင်တရချင်သလိုတောင်ဖြစ်လာ‌ပြီ......
Gem တစ်ယောက်ထဲ ဒဏ်ရာတွေနဲ့အဆင်မှပြေပ့ါမလား.....

"မင်းအဆင်ပြေရဲ့လား Fourth စိတ်ငြိမ်သွားပြီလား"

"ကျွန်တော်အဆင်ပြေပါတယ်....ဒါ ဒါပေမယ့် Arthur"

Negotiation (Complete)Where stories live. Discover now