6🔞

2.1K 127 16
                                    

ဖျော်လာတဲ့ Ginger Whiskey cocktail ခွက်ကို‌ဘောင်ပေါ်တင်လိုက်ပြီး bathtub ထဲဝင်ထိုင်ရင်း မှန်ချပ်ကလိုက်ကာကိုလှပ်လိုက်တော့ လန်ဒန် ညရှုခင်းက ခပ်သိပ်သိပ်ကျနေတဲ့မိုးစက်တွေကြားမပီပြင်စွာ ပေါ်ထွက်လာခဲ့လေသည်....…

အရက်ခွက်ကိုလှမ်းယူကာ တစ်ကျိုက်ငုံစုပ်လိုက်ပြီး ဖန်ခွက်ကိုနှုတ်ခမ်းမှာကပ်ထားရင်းက ည ကိုကြောင်စီစွာငေးမောနေမိတာကို Gem မထိန်းချုပ်နိုင်......

မျက်စိရှေ့မှာစီးဆင်းနေတဲ့ လန်ဒန်ရဲ့အထင်ကရ Thames မြစ်ကြီးရယ်......

မိုးရေတွေရွှဲစိုနေတဲ့ကားလမ်းမရယ်......

မီးလင်းနေဆဲဖြစ်တဲ့ ကွန်ဒိုတိုက်ခန်းတစ်ချို့ရယ်........

Gem ကွန်ဒိုနဲ့မျက်နှာချင်းဆိုင်သုံးထပ်တိုက်က ဝရံတာမှာ မိုးဝင်ခိုနေတဲ့ အမျိုးအမည်မသိငှက်တစ်ကောင်ရယ်.......

မြင်မြင်သမျှ ညဟာတိတ်ဆိတ်တာထက်ကိုပိုတိတ်ဆိတ်လွန်းနေလေရဲ့.......

အရက်ခွက်ကိုနေရာမှာပြန်ထားပြီး ဒူးနှစ်ဖက်ကိုတင်းနေအောင်ပွေ့ဖက်ကာလက်မောင်းပေါ်ခေါင်းငဲ့တင်လိုက်ချိန်မျက်လုံးထဲဝင်လာတဲ့အမျိုးသမီးနှစ်ယောက်ကျောချင်းကပ်ထားတဲ့ tattoo နဲ့အတူ အလွန်တရာအူတိုတတ်လွန်းတဲ့အမျိုးသားငယ်ရဲ့မျက်ဝန်းနက်တွေဟာ Gem အတွေးထဲနေရာမလပ်အပိုင်စားရယူသည်.........

"ခင်ဗျားလက်မောင်းမှာ ဘာလို့ကောင်မလေးနှစ်ယောက်ပုံထိုးထားတာလဲ"

bathtub ကိုမှီထားတဲ့ Gem ရဲ့ရင်ခွင်ထဲ တိုးဝှေ့ခိုဝင်ရင်း.......

Gem လက်မောင်းထက်က  tattoo တွေကိုဆပ်ပြာမြှပ်နဲ့တိုက်ချွတ်ဆေးကြောရင်း.....

Gem လည်တိုင်အခြေကိုနှာဖျားလုံးလုံးနဲ့ ပွတ်သပ်ထိတွေ့ရင်း.....

အကြောင်းမရှ်ိအကြောင်းရှာတဲ့ ပလီပလာစကားသံ‌ဟာ အနားမှာလာထိုင်ပြောနေသလိုကိုပြန်လည်ကြားယောင်လာမိတာနဲ့အမျှ ရင်ဘက်ဟောင်းလောင်းပေါက်သည်လည်းပဲရှိရင်းစွဲထက်ပိုမို လစ်ဟာရပြန်သည်.......

"ညတိုင်းစော်နှစ်ဗွေနဲ့အိပ်ချင်လို့"

နှုတ်ခမ်းပါးသလောက် စကားများလွန်းတဲ့သတ္တဝါလေးကို မနေနိုင်စွာစနောက်မိတော့ မငြင်သာတဲ့လက်သီးတစ်ချက်ဟာ Gem ရင်အုံပေါ် ဘန်းခနဲကျရောက်လာလေရဲ့.....

Negotiation (Complete)Where stories live. Discover now