10 final

1.4K 134 83
                                    

ပခုံးကနေကျောပြင်တစ်လျှောက်လုံးတဖွဖွထိတွေ့နေတဲ့စိုစိုနွေးနွေးအထိအတွေ့ကြောင့် Fourth အိပ်မောကျနေရာကနိုးလာခဲ့ချိန်ဟာ ညခုနှစ်နာရီဖြစ်၏.......

မနေ့ညသန်းခေါင်ကျော်ကစလိုက်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲလေးဟာ နေ့ခင်းကျမှနှစ်ယောက်လုံးလက်ပမ်းကျသွားပြီး ‌တစ်နေကုန်ပွေ့ဖက်အိပ်စက်နေခဲ့ကြတာမို့ နိုးလာတော့နောက်တစ်ညတောင်ပြန်ရောက်နေလေပြီ......

အိပ်ခန်းထဲ aircon ကိုစိမ့်နေအောင်ဖွင့်ပြီးအိပ်ပျော်သွားကြတာဆို‌ပေမယ့်တစ်ကိုယ်လုံးသိမ်းပွေ့ထွေးဖက်ပေးထားတဲ့ ရင်‌ခွင်ကျယ်ကြောင့် Fourth ဟာသက်တောင့်သက်သာနွေးနွေးထွေးထွေးနဲ့နိုးထလာခဲ့ပါသည်.....
နိုးလာရင်တော့ကိုင်ရိုက်ထားသလိုနာကျင်နေမယ်လို့ထင်ခဲ့မိပေမယ့် တကယ်တမ်းအိပ်ယာနိုးလာတဲ့အချိန်သက်တောင့်သက်သာရှိနေတာက Fourth အိပ်မောကျသွားခိုက်မှာ သေသေချာချာလေးဂရုစိုက်ပေးထားတဲ့ ဘဲကြီးကြောင့်ပဲဆိုတာ Fourth သိသည်........

ကိုယ့်ရည်းစားမို့ကိုယ်ပြောတာမဟုတ်ဘူး Gemini Norawit ကြီးကအိပ်ယာပေါ်မှာလည်းသောက်ရမ်း‌မိုက်သလို caring လုပ်တဲ့နေရာမှာလည်းသိပ်တော်တာ......

"ထတော့မလား"

Fourth ပခုံးစွန်းကိုနှုတ်ခမ်းပြည့်ပြည့်အိအိတွေနဲ့ဖိကပ်ထားရင်းမပွင့်တပွင့်မေးလာတဲ့စကားသံဟာ ဩဩရှရှနဲ့တိုးတိုးဖွဖွလေး........
နားစည်ကိုညင်သာချိုမြိန်စွာလာထိတွေ့တာမို့ Fourth နှုတ်ခမ်းပါးတွေမကွေးညွတ်ပဲမနေနိုင်တော့ချေ.......
အိပ်ရာနိုးစ ဩရှရှ အစ်တစ်တစ်အသံကသိပ်နားထောင်ကောင်းတာပဲ....
မြေဓာတ်လွှမ်းမိုးနေတဲ့သိပ်သိပ်သည်းသည်း ထူထူထဲထဲအသံမျိုးမို့ ယောက်ျားပီသစွာဆွဲဆောင်မှုရှိနေလိုက်တာကလဲ လက်ကုန်.......

"နဲနဲထပ်လှဲချင်သေးတယ် ခင်ဗျားထချင်ပြီလား"

"မင်းနဲ့မှထမယ်"

"အွန်း......အရမ်းဖိမနမ်းနဲ့လေ နှုတ်ခမ်းနာနေတာကို"

"ဒါဖြင့်လည်းဒီဘက်လှည့် စကားပြောကြရအောင်
ငါမင်းကိုကြည့်ချင်လို့"

"Ok"

တောင်းဆိုလာသူသဘောကျ Fourth ကိုယ်ကိုတစ်ပတ်လှည့်လိုက်ရ၏......

You've reached the end of published parts.

⏰ Last updated: Jul 21 ⏰

Add this story to your Library to get notified about new parts!

Negotiation (Complete)Where stories live. Discover now