<1>

1K 40 0
                                    

ဒီနေ့ဟာ တက္ကသိုလ်ဒုတိယနှစ်ရဲ့ ကျောင်းစဖွင့်ရက်ဖြစ်သညိ။ နေရောင်‌ေတာင်မထွက်သေးတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ကတော့ တတ်ကြွနေလျက်။ ရေချိုးခန်းထဲ မျက်နှာသစ်သွားတိုက် ရေချိုးရေချိုးသန့်စင်ပီး bathrobe ကိုလဲမလဲသေးပေ။ ခုတင်နားက စာရေးစားပွဲရှေ့တွင် ယနေ့တွက် စာအုပ်များပြင်ဆင်နေသည်။ ကျောင်းစဖွင့်ရက်နေ့တိုင်း ရင်ခုန်ရသည်မှာ ကေ‌ျာင်းသားတိုင်းရဲ့ ဖြစ်စဉ်တစ်ခုသာ။ ထို့့အပြင် ချစ်ရသူလေးနှင့်တွေ့ရမည်ကို တွေး၍ အပြုံးတို့က အရပ်နိုင်သေး။

ချစ်ရသူလေးဆိုမှသတိရတယ် သူ Jeon ဆ‌ီဖုန်းဆက်ရအုံးမှာပဲ။
Jeon က ကျောင်းပိတ်ရပ်ဆို သူ့ ဖေဖေရှိရာ ဂျပန်ကိုသွားနေတတ်သည်။ ‌ခု ကျောင်းဖွင့်ပီဆိုတော့ ချစ်ရသူလေးရဲ့ မျက်နှာကိုမြင်ရဖို့က ပိုရင်ခုန်ရသည်။ အများကြီးပိုချောလာမယ်ထင်တယ်။ အတွေးတို့ကိုရပ်ပီး 'Jeon' ဆိုသော contact name လေးနောက် တတီတီ ဆွဲသံတို့က ကြာရှည်စွာထွက်ပေါ်လာသည်။

"Hello Jungkook မင်းရောက်ပီလား ဒီနေ့ကျောင်းလာမှာမလား"
"ဟာ... Taehyung ရာ မင်းဘာလို့ အစောကြီးဖုန်းဆက်နေတာလဲ ငါမနေ့ညကပြန်ရောက်မယ်လို့ စာပို့ထားတာကိုကွာ မင်းကလဲ သူများအိပ်နေတာကို"

ကျနော့်ချစ်ရသူကအဲ့လိုမျိုးပါ။ ကျနော်ခံစားချက်တေကို သူရိပ်‌မိနေတယ်။ ဒါကြောင့်လဲ ကိုယ်‌ေတာ်ချောက ချေမိုးနေတာပေါ့။

"အာ... ဟုသားပဲ မီယမ်း ငါမင်းအိပ်နေမယ်ဆိုတာကိုမေ့သွားလို့ ဒါဆိုဆက်အိပ်လိုက်အုံးနော် ကျောင်း‌ေရာက်မှတွေ့မယ်"

တုန့်ပြန်စကားမပေးပါပဲ ဖုန်းချသွားသော ချစ်ရသူ။
ခရီးပန်းနေတယ် ထင်ပါ့။

_______________________________________

"သား ထယ်ယောင်း အခန့်သော့ကို တီချယ့်ဆီမှာလိုက်ယူလှဲ့နော် အိပ်က ရုံးခန့်ထဲမှာကျန်ခဲ့လို့"
"ဟုတ် တီချယ်"

ကျောင်းတံခါးမဖွင့်သေးတာကြောင့် ဆိုင်ရာအခန်းရှေ့ကအပင်အောက်မှာ ချစ်ရသူလေးအလာကို စောင့်နေမိသည်။ ကျောင်းသူ/သား တချို့လဲရောက်နေပေမဲ့ အခန်းသော့မရှိတာကြောင့် အခန်းထဲမဝင်ရသေးပဲ အခန်းရှေ့ စုရုံးစုရုံးဖြစ်နေကြသည်။ ထိုအချိန် အတန်းပိုင်ဆရာမက ထယ်ယောင်းကို အခန်းသော့ယူဖို့လာခေါ်၍ လိုက်ပါသွားရသည်။

may be us?Where stories live. Discover now