ဂျောင်ကု၊ယွန်းဂီနဲ့ဂျီဟွန်းတို့ဟာ အခင်ဆုံးသူငယ်ချင်းတေပင်။ ယွန်းဂီက ဂျောင်ကုနှင့်ဂျီဟွန်းတို့ထက် ၂နှစ်ကြီးပေမဲ့ ငယ်စဉ်က ချို့တဲ့သောကျန်မာရေးကြောင့် အသက်ကျော်မှ ကျောင်းစနေရသည်။ မူကြိုဘဝတည်းက စားတူသွားတူ တေဖြစ်ခဲ့ပေမဲ့ တိုက်ဆိုင်စွာပင် အလယ်တန်းမှာ တနယ်တကျေးခွဲ့ခဲ့ရသည်။ ယွန်းဂီက ဒယ်ဂုက သူ့အဖိုးအဖွားတေဆီပြန်ခဲ့ရပီး ဂျီဟွန်းကတော့ France ကသူ့အကိုနှင့် ကျောင်းသွားတတ်ရသည်။ ဂျောင်ကုတစ်ယောက်သာ ဆိုးလ်းကကျောင်းမှာ ကျန်ခဲ့ခြင်းဖြစ်သည်။
**ဒါပေမဲ့ အလယ်တန်းနောက်ဆုံးနှစ်မှာသူ့ဆီရောက်လာခဲ့တဲ့ကောင်လေးတစ်ယောက်။ သူကကျောင်းသားအသစ်ပါလို့ မိတ်ဆက်လာတယ်။ သူ့နာမည်က ကင်ထယ်ယောင်းတဲ့။ နာမည်ေလးက လှတယ်မလား။ လူကလဲလှတယ်။ ယောက်င်္ကျားလေးတစ်ယောက်ကို လှတယ်လို့မပြောအပ်ပေမဲ့ပေါ့။
သူငယ်ချင်းလုပ်ချင်ပါတယ် ဆိုပီးပြောလာခဲ့တယ်။ ကျနော်က ဂရုမစိုက်ခဲ့ဘူး။ သူ့ကိုလေ။ ဒါပေမဲ့အဲ့ဒီကောင်လေးက ကျနော့်နားမှာ ကပ်တွယ်နေတာ။ ကျနော်ကအရေးမလုပ်ပါလဲ စကားတေလာပြောတယ်။ တနေ့မှာပေါ့ ထယ်ယောင်းက ကောင်လေးတစ်ယောက်နဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေတာ။ ကျနော်မကြိုက်ဘူး။ သူကတခြားတစ်ယောက်ကိုအဲ့လိုပြုံးပြနေတာတွေ။ သူ့ရဲ့ချစ်စရာအပြုံးတေကို တခြားသူက ငေးကြည့်နေတာတွေ။ ကျနော်လုံးဝမကြိုက်ဘူး။
ထယ်ယောင်းက ကျနော်နားမှာပဲ ကပ်တွယ်နေပီး ကျနော့်ကိုပဲပြုံးပြနေရမှာ။ ကိုယ်တိုင်က သူ့ကိုအရေးမလုပ် ဂရုမစိုက်ပါပဲ တစ်ဖက်သက် သဝန်တိုခြင်းတေ ဖြစ်တည်နေခဲ့တာပေါ့။ အဲ့တာကြောင့် ကျနော်သူနဲ့သူချင်းဖြစ်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ကျနော်ကလွဲပီး သူငယ်ချင်းထားခွင့်လဲမရှိသလို တခြားသော မိန်းကလေး၊ယောင်္ကျားလေး ဘယ်သူ့ကိုမှ အရောတဝင်နဲ့ ပြုံးမပြဖို့ကိုပြောတော့ သူက ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့တယ်။**
______________________________________
ကျောင်းဆင်းချိန် ထယ်ယောင်းနဲ့ ဂျီမင် စကားတပြောပြောဖြင့်သာ လျှောက်လာသည်။ အစကတော့ လင်မယူချင်လို့တမှိုင်မှိုင်ဖြစ်နေသော သူငယ်ချင်းလေးဟာဖြင့် အခုေတာ့ လူကြီး ဟုသော နာမ်စားအား ပါးစပ်ကမချ။ သူ့လူကြီးဟာ ဘယ်လောက်ချောကြောင်း၊ မိန်းမကိစ္စဘယ်လောက်ကင်းကြောင်း၊ သူ့ကိုလဲ အလိုလိုက်ပါကြောင်း စသည်ဖြင့် ကြွားလို့မဆုံးနိုင်။ အခုလဲ သူ့လူကြီးလာကြိုမည်။ဆိုသောကြောင့် သကောင့်သားက မြောက်တောက်မြောက်တောက် ဖြစ်နေသည်။
YOU ARE READING
may be us?
RomanceJK - "ငါမင်းကို တာဝန် မယူနိုင်ဘူးထယ်ယောင်း ဒါက မတော်တဆပဲ နောက်ပီးငါကမင်းကို ယူရီနဲ့မှားခဲ့တာ အဲ့တွက်ကြောင့် ငါချစ်ရတဲ့သူကိုပဲ အဆုံးထိလက်တွဲသွားမှာ" Tae - "မင်းစိတ်ချမ်းသာလိုလုပ်ပါ" ဒါမဲ့ငါနာကျင်ရတယ် ဂျောင်ဂု။ သူငယ်ချင်းက သစ္စာဖောက်တယ်။ ချစ်ရသူကစွန့်...