<4>

352 26 2
                                    

ဂျောင်ကုတစ်ယောက်စိတ်တော်တော်လေးကိုရှုပ်ထွေးနေသည်။ မနက်က ဂျီဟွန်းနဲ့တွေ့တော့ ပြသနာနဲနဲဖြစ်ခဲ့ပီး ထွက်လာခဲ့ခြင်းဖြစ်သည်။ မတွေ့ရတာကြာပီဖြစ်တဲ့သူငယ်ချင်းကြီးနဲ့ မနေ့ကမှတွေ့ရတာကို ဒီနေ့စကားများခဲ့ရသည်။ အဲ့ဒီလို ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကင်ထယ်ယောင်း။ ကင်ထယ်ယောင်းက တကယ်ကို စိတ်ဒုက္ခတေပေးနေတော့တာပဲ။

စိတ်ရှုပ်ရှုပ်နဲ့ ထယ်ယောင်းအိမ်သို့သာ ခြေဦးတည်လိုက်တော့သည်။ အိမ်ထဲဝင်လိုက်တော့ အိပ်ခန်းထဲက အသံချိုချိုလေးထွက်လာတော့သည်။ စိတ်ညစ်နေတာတေတောင် ဘယ်ဆီရောက်မှန်းမသိ။

လာမယ်ပြောထားလို့စောင့်နေတယ်ပြောတော့လဲ စိတ်ထဲမှာ ကြည်နူးသွားရပြန်သေးသည်။ အကျင့်အတိုင်း လေသံကမနူးညံ့လေတတ်တော့။

စိတ်ရှုပ်ထွေးမှုတေကြောင့် လူကလန်းမနေတော့ နေမကောင်းဘူးလားဟူ၍ နှဖူးပေါ်လာစမ်းလေတော့ လကမမခံဘဲရိုက်ချပစ်လိုက်သည်။ ကျနော်မကြိုက်ပါဘူး။ သူထိတွေ့နေတာတေ စိတ်ပူနေသယောင်ရှိတဲ့မျက်ဝန်းတေကကျနော်ကိုပိုလို့ပင် စိတ်ရှုပ်စေသည်။

ခနမျှတိတ်ဆိတ်သွားပြန်ပီးမှ ထမင်းစားဖို့ခေါ်နေသေးသည်။ဟုတ်သားပဲ ကျနော်ထယ်‌ေယာင်းအိမ်လာတိုင်း ထယ်ယောင်းချက်ကျွေးတာကိုပဲ စားနေကျ။ ဒီနေ့တော့ bar ကလဲ သောက်လညတာကေ့ာင့် မသားချင်တော့ပါ။ လေသံမာမာနဲ့အော်လွှတ်လိုက်ပြန်တော့ မျက်ဝန်းလှလှတို့က အရည်လဲ့လာသည်။ ကိုယ်ဘယ်လောက်ပဲ မာန်ပါစေ သူကတော့ဘာမှပြန်မပြော။ အင်းးးးး အဲ့တာလေးတေကိုသဘောအရမ်းကျတာပဲ။

_______________________________________

ထယ်ယောင်းနဲ့ဂျီမင် စာကြည့်တိုက်ထဲမှာ စာအုပ်တေရွေးနေကြသည်။ လက်ထဲမှာလဲ စာအုပ်တေ‌ပြည့်နေမဲ့ ဂျီမင်ကတော့ အကြိုက်မတွေ့သေး။ ထယ်ယောင်းကတော့ စာအုပ်တစ်အုပ်နဲ့ လူရှင်းတဲ့ထောင့်တွင်အေးဆေးထိုင်ဖက်နေတော့သည်။

"ဂျီမင်နီး တီချယ်ခေါ်နေတယ်"

စာအုပ်ရွေးနေတုန်း ဂျီမင့်ကိုလာခေါ်သော ကောင်မလေး‌‌ေကြာင့် ဂျီမင်လဲ ထယ်ယောင်းကို ပြောပီး လိုက်သွားတော့သည်။ ထယ်ယောင်းကတော့ စာဖက်လို့သာကျန်ခဲ့သည်။

may be us?Where stories live. Discover now