<5>

334 26 2
                                    

ဒီနေ့ယူရီက အိမ်စာတူတူလုပ်ချင်လို့ဆိုပီး အိမ်ရောက်လာသည်။ သူနဲ့မေဂျာလဲမတူပဲ ဘာစိတ်ကူးတေပေါက်နေလဲမသိ။ အခုအိမ်ရောက်တော့လဲ စာမလုပ်ပဲ အလှပြင်ပီး ဆယ်ဖီဆွဲနေလေရဲ့။ ထယ်ယောင်းကရောစာလုပ်နေလားဆို နိုးပါ။ ထယ်ယောင်းက စာလုပ်ချိန်လုပ် နားချိန်နားနဲ့မို့ စာအတော်ကြီးထဲ မပါပေမဲ့ အညံထဲတော့မရှိပါ။

"ဟယ် ထယ်ယောင်း လှလိုက်တာ ဒါလေးငါ့ပေးပါလား"

"ဟမ် ဘယ်ဟာလေးလဲ"

ထယ်ယောင်းဂိမ်းဆော့ ရင်းမှ လှမ်းမေးသည်။

"ဒီနှင်းလုံးထဲက ဝက်ဝံရုပ်လေးလေ အယ်! အသံလေးလဲထွက်တယ်တော့"

"ယူရီ့ အဲ့တာမရဘူးနော် အဲ့တာပေးလို့မရဘူး"

ထယ်ယောင်း အစကတော့ ယူရီကကြည့်ရုံမို့ ဘာမှထမပြောဘဲ ဂိမ်းကိုသာ အာရုဏ်စိုက်နေပေမဲ့ ယူရီလှမ်းပြောနေတဲ့စကားနေကြောင့် ထလာပီး အသဲသန်တားရတော့သည်။ တော်ကြာတစ်ခုခုဖြစ်မှဖြင့်။

"နင်ကလဲ ဒီဘာမဟုတ်တဲ့ အရုပ်သေးသေးလေးကိုများ နှမြောနေသေးတယ် ငါပြန်ဝယ်ပေးပါ့မယ်ဟဲ့"

"နင်ကလဲ အဲ့ဒီဘာမဟုတ်တဲ့ အရုပ်သေးသေးလေးကို ဘာလို့လာတောင်းနေလဲ ဒါ‌ေဂျာင်ကုပေးထားတာ မပေးနိုင်ပါဘူး"

ယူရီလက်ထဲက အသာယူပီး ဖန်လုံးလေးကို စစ်ဆေးကြည့်နေတော့

"အမလေးဟယ် နင့်ဟာ ဘာမှဖြစ်မသွားပါဘူး တွန့်တိုနေတာ"

"‌ဂျောင်ကုက သူပေးထားတာသာ တစ်ခုခုဖြစ်ရင် ငါ့ကိုဆူလိမ့်မယ် သူက သူပေးထားရင် မြတ်မြတ်နိုးနိုးထားမှ ကြိုက်တာ"

ထယ်ယောင်းလဲ ‌သိမ်းထားဖို့ အခန်းဘက်သွားနေချိန် ယူရီ့ အမေးကြောင့် ခြေလှမ်းတို့ရပ်တန့်သွားရသည်။

"နင်ကြိုက်နေတဲ့ကောင်လေးက ဂျောင်ကုမလား"

ထယ်ယောင်းရဲ့ ခြေလှမ်းတေကရပ်တန့်သွားပီး မဟုတ်ကြောင်းလဲ မညင်းသလို မှန်နေကြောင်းလဲ ဝင်မခံ။ တိတ်ဆိတ်ခြင်းက လက်ခံခြင်းတဲ့မဟုတ်လား။

"မှန်နေတာပဲ"

ထယ်ယောင်းဘာပြန်ပြောရမှန်းမသိလို့ငြိမ်နေမိတော့ ယူရီကဆက်ပြောသည်။

may be us?Where stories live. Discover now