<6>

376 24 2
                                    

Mall ထဲတွင် ထယ်ယောင်းနဲ့ ဂျောင်ကု တဆိုင်ဝင် တစ်ဆိုင်ထွက် ရှိနေသည်။ မနက်ကဂျောင်ကု အိမ်ကိုရုတ်တရက်ရောက်လာပီး အပြင်သွားစရာရှိတယ် လိုက်ခဲ့ဆိုလို့ အမြန်ပြင်ဆင်ပီးလိုက်လာခဲ့ရသည်။ ပီးတော့ခေါ်လာတာတော့ mall ထဲတွင်ဖြစ်သည်။ ဘယ်သွားမယ်ကို ထယ်ယောင်းလဲ မမေးမိသလို ဂျောင်ကုကလဲ ပြောမပြ။ ဂျောင်ကုခေါ်ရာနောက်ကိုသာ တောက်လျှောက်လိုက်လာခဲ့ရတာ ဘာရယ်လို့လဲ တိတိကျကျမရှိ။ ခြေထောက်တေတောင် တောင့်နေပီဖြစ်သည်။

နောက်ထပ်ဆိုင်ထဲဝင်ရန် ပြင်နေတဲ့ ဂျောင်ကုကို ထယ်ယောင်းလှမ်းဆွဲရတော့သည်။

"ဂျောင်ကု နင်အခုငါ့ကို ဘာလုပ်ဖို့ခေါ်လာတာလဲ ဒီတိုင်းပဲ လျှောက်သွားနေတော့မှာလား ငါညောင်းနေပီ"

ထိုအခါ ဂျောင်ကုက ထယ်ယောင်းကို တွေတွေကြီး ကြည့်ပီးတော့။

"ငါနင့်ကို ခေါ်လာတဲ့ အကြောင်းရင်းကို မပြောရသေးဘူးလား"

အယ် ဒီဂျွန်ဂျောင်ကုကတော့ ထွက်လာထဲက စကားရယ်လို့ ဟုတ်တိပတ်တိတောင် မပြောပါပဲ။ ထယ်ယောင်းလဲ ဘာမှပြန်မပြောပဲ မပြောရသေးဘူးလေ ဆိုတဲ့အကြည့်ဖြင့်ကြည့်လေတော့။

"ငါ အခု ကောင်မလေးတစ်‌ေယာက်ကို လက်ဆောင်‌ေပးချင်လို့ အဲ့တာနင်ဝိုင်းရွေး"

‌ထယ်ယောင်း ဝမ်းနည်းသွားရသည်။ ‌အခု‌ေဂျာင်ကုက ကောင်မလေးကို လက်ဆောင်ပေးဖို့တဲ့။ ခါတိုင်းဂျောင်ကု ကောင်မလေးတေကို ပစ္စည်းတေဝယ်ပေးနေကျပေမဲ့ ခုက တကူးတက ရှာနေရပီး ထယ်ယောင်းကိုပါ ကူရွေးခိုင်းတယ်တ‌ဲ့လေ။ မဟုတ်မှ ဂျောင်ကု အဲ့မိန်းကလေးကိုများ ခံစားချက်တေရှိနေတာလား။

"ငါပြောတာ နားလည်လားထယ်ယောင်း အဲ့တာနင်ငါ့ကို ကူရွေးပေး"

"နင်ပြောတဲ့ မိန်းကလေးက ဘာကြိုက်တယ်ဆိုတာမှ ငါမသိတာ"

‌"အော် ထယ်ယောင်းရယ် နင်ဟာလေ တုံးလိုက်အလိုက်ပီဆို နှစ်ယောက်မရှိဘူး သူ့အကြိုက်သိနေရင် ငါ့ဘာငါတစ်ယောက်ထဲ သွားဝယ်မှာပါ့ နင့်ကို အလုပ်ရှုပ်ခံပီး ခေါ်ခဲ့စရာလား"

လိုက်ချင်လား မလိုက်ချင်လား မမေးပဲ ခေါ်လဲ လာသေးတယ်။ အပစ်လဲပြောသေးတယ်။

may be us?Where stories live. Discover now