<7>

465 24 8
                                    

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ထယ်ယောင်းတစ်ယောက် အိပ်ယာထဲ၌သာ ရှိနေသေးသည်။ နေလုံးကြီးက ဝင်းနေပီပေမဲ့ ပြတင်းပေါက်မှ ကာထားသောလိုက်ကာမှတဆင့် ဝင်လာသော အလင်းရောင်လေးမှာတော့ ခပ်မှိန်မှိန်သာ။ ဆောင်တေကြားလုံးထွက်နေသော တင်လုံးလုံးလေးမှာလဲ ပြေးရိုက်ချင်စရာပင်။ အိမ်မက်ကမ္ဘာထဲမှာ လှပနေသော ထယ်ယောင်းကတော့ ခုထိထဖို့အစီစဉ်မရှိသေး။ ဒါပေမဲ့......

"ဒွီ.....ဒွီ.....ဒွီ....."

အိပ်ယာဘေးက စားပွဲရှိ ဖုန်းမှ မြည်လာသောဖုန်းသံကြောင့် အိမ်မက်က အဆက်ပျက်သွားပီး ဖုန်းကိုင်ရသည်။

"ဟယ်လို...."

အိပ်ချင်မူးတူးဖြစ်နေတာကြောင့် အသံမှာတော့ ညူတူတူ။

"ဟဲ့ ထယ်ယောင်းနား နင်ခုထိမနိုးသေးတာလား"

"ငါ ညက အိပ်ရာဝင်နောက်ကျသွားလို့"

"အာ့ဆိုလဲခုထတော့ ငါတို့ရုပ်ရှင်သွားကြည့်ရအောင်"

"အာ....မလိုက်ချင်ပါဘူး"

"သေချာလို့လား ငါ့သူငယ်ချင်းမိန်းကလေးတေရောပါမှာနော် ပီးတော့ ဂျောင်ကုရောပဲ နင်ငါ့သူငယ်ချင်းတေကိုစိတ်ချရင်တော့ နေခဲ့ပေါ့"

"ဟမ် တ တကယ်လား ယူရီ အာ့ဆိုငါလိုက်မယ်လေ နင်တို့ဘယ်ချိန်သွားမှာ"

"ဆယ်နာရီခွဲလေ အာ့ကြောင့်နင့်ကို ထဖို့ပြောနေတာ"

ထယ်ယောင်းလဲ စားပွဲပေါ်က နာရီကို ယူကြည့်လိုက်တော့ ၁၀နာပင်ထိုးနေပီ။ ရေချိုးမှာ ပြင်ဆင်မှာ ကားစီးမှာ နဲ့တင် အချိန်က ကွက်တိလိုပင်။ ယူရီ့ကိုလဲ စကားမပြန်တော့ပဲ ဖုန်းချပီး ရေချိုးခန်းဆီသို့သာ ဝါးရုန်းသုံးကာပြေးတော့သည်။
.............
Bus ကားစီးတော့ နေရာရတာကြောင့်ဝင်ထိုင်လိုက်သည်။ ရုံးသွားချိန်ကလဲ မဟုတ်တာကြောင့် လူကနဲနဲရှင်းနေသည်။

ထယ်ယောင်းကားပေါ်မှာထိုင်ရင်း စဉ်းစားမိတာတစ်ခုရှိသည်။
ယူရီနဲ့ရုပ်ရှင့်ကြည့်ဖို့ကို ဂျောင်ကုက ဘာလို့ပါနေရတာလဲ?။
သူတို့က ဘယ်ချိနိက အဲ့လောက်ရင်းနှီးသွားတာလဲ မသိဘူး။
ဒါပေမဲ့ ယူရီက ငါဂျောင်ကုကိုသေဘာကျတာသိနေတော့ တမင် ခင်အောင်ပေါင်းလိုက်တာများလား။ အိုး....ဒါဆိုရင်တော့ ငါသူငယ်ချင်းလေးက ငါ့တွက်တွေးပေးနေတာပဲ။

may be us?Where stories live. Discover now