<3>

365 30 2
                                    

ဂျောင်ကုကျောင်းဆင်းတော့ ကားသော့ကို လက်ညှိးဖြင့်လှည့်ကစားပီး car packing ကိုရောက်တော့ France မှာကျောင်းတတ်နေတဲ့ သူငယ်ချင်းက သူ့ကားနဲ့ဘေးချင်းကပ်က ကားကိုမှီပီးစောင့်နေသည်။ ဂျောင်ကုလဲ ငယ်သူချင်ကိုပြန်တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့ရသည်။

"ဟာ ဂျီဟွန်း ဘယ်တုန်းကပြန်ရောက်နေတာလဲ သားရီး"

ဂျောင်ကုလဲ ဂျီဟွန်းဆီအပြေးသွားပီး လက်ဖဝါးချင်းရိုက်ကာ ပုခုံးချင်းတိုက်‌ပီး မေးလိုက်သည်။

"မနေ့ကပဲလေ မင်းကိုလာတွေ့တာ ငါ့ကောင်ကြီးကိုသတိတေရနေလို့"
"အပိုတေပါကွာ ခုကော အပီးပြန်လာတာလား"
"အဲ့တာတေအကုန်ငါပြောပြမယ် ခုတော့ တဆိုင်ဆိုင်ဒိုးရအောင်ကွာ"

"ဂျောင်ကု! ခန ခနလေး!"

ဂျောင်ကုနဲ့ ဂျီဟွန်းလဲ ကားကိုယ်ဆီဖွင့်ပီး သွားဖို့ပြင်နေတုန်း ခေါ်သံကြားတာကြောင့် လှည့်ကြည့်တော့ အမောတကောပြေးလိုက်လာသည့် ထယ်ယောင်းပင်။ ဂျောင်ကုက ကားထဲဝင်ရန်ပြင်နေသည်မို့ ကားတံခါးနားရောက်နေသော်လည်း ဂျီဟွန်းမှတော့ ကားရှေ့မှာ မက်တပ်မေ့နေလျက်။ သူကထယ်ဟျောင်းကိုကြည့်နေတာ။ သူ့အကြည့်တေက ထူးခြားနေတာကို ဂျောင်ကုရိပ်မိလိုက်ပါသည်။

"ဘာလို့ပြေးလာ‌ေနတာလဲ မောအောင်လို့"
"မမှီလိုက်မှာဆိုးလို့ပါ နင့်အိပ်ထဲမှာ ငါ့စာအုပ်ပါသွားလားလို့ အဲ့တာ သင်္ချာဆရာရဲ့စာအုပ်လေ"

ဂျောင်ကုလဲ ထယ်ယောင်းစကားအဆုံး တစောင်းလွယ်ထားသည့်သူ့အိပ်ကိုဖြုတ်ကာ ထယ်ယောင်းလက်ထဲထည့်ပေးလိုက်တော့ သူ့စာအုပ်ကိုသာရှာနေသည်။ ဒါကို ဂျီဟွန်းကလဲ ကားထဲမဝင်ပဲရပ်ကြည့်နေသေးသည်။ ဂျောင်ကုအလိုမကျတော့ပါ။ ထယ်ယောင်းကို ဘယ်သူငေးတာငမ်းတာကိုမှမကြိုက်။ စာအုပ်တွေ့လို့ သွားလေးတေပေါ်သည်ထိ ပြုံးပြပီး အိပ်ကိုပေးလာတော့ ဇက်ခနဲ ယူလိုက်သည်။

"ဒီစာအုပ်ကို မနက်ဖန်‌ေတာင်းလဲရရဲ့သားနဲ့ အမောခံပီးလိုက်တောင်းနေသေးတယ်"
"မနက်ဖန်သူငယ်ချင်းကိုသွားကြိုရမှာ‌ ငါမအားဘူးလေ အာ့ကြောင့် သွားပီနော် ဂျောင်ကု တာ့တာ့"

may be us?Where stories live. Discover now