Episode 02

61 7 3
                                    

"Sam!"

အေးအေးဆေးဆေး အခန်းထဲဝင်လာလိုက်တဲ့ Sam တစ်ယောက် သူ့နောက်ကတံခါးပိတ်သံကြားရပြီးပြီးချင်း နာမည်ခေါ်သံပါထွက်လာလို့ ဘာမှမသိတဲ့မျက်နှာနဲ့ လှည့်ကြည့်လိုက်တယ်။

"အဲဒီရုပ်နဲ့ လာမကြည့်နဲ့။ အဲဒါ မင်းနဲ့လမ်းဖောက်နေတဲ့မိန်းကလေးနော်။"

"အဖေစီစဥ်တာလေ။ ပြီးတော့ အဲဒီမိန်းကလေးနဲ့ပလူးနေတာ ဘယ်သူလဲ၊ ပြောစမ်းပါ။"

Dean ရပ်နေရာဆီကို Sam တိုးကပ်သွားရင်းမေးလိုက်တော့

"ငါစကားမပြောရင် မင်းကဧည့်ခံပြောမှာလား။"

"ပြောစရာလား။"

"အေး၊ အဲဒါကြောင့် ငါပြောပေးနေတာလေ။ ဒါကို ဘာကိစ္စ တောက်လျှောက်နှောင့်ယှက်နေတာလဲ။"

"သိပ်နစ်နာသွားဦးမယ်။ နေရာပြောင်းချိန်းတာကို သေချာလေးလိုက်လာတွေ့ကတည်းက သိသာနေပါပြီ။ ဒီငပိန်းကောင်ကသာ မိန်းကလေးကိုယ်တိုင် သူစိတ်ဝင်စားတဲ့လူရှိကြောင်း ပေါ်တင်ပြောတော့မှ ရိပ်မိတာ။ အဲဒီအကြောင်းတွေ ခင်ဗျား ကျွန်တော့်ကိုပြောပြဖို့ရော အစီအစဥ်ရှိရဲ့လား။"

"ငါပြောတုန်းက မင်းနားထောင်ခဲ့လို့လား။"

"ဘယ်တုန်းကပြောလို့လဲ။"

"မင်းကို ဧည့်သည်နဲ့တွေ့ရမယ်လို့ ပြောကတည်းက ငါဆက်ပြောပြမလို့ပဲကို မင်းဘာသာမင်း တွေ့ရင်ပြီးရောမဟုတ်လားဆိုပြီး စကားစဖြတ်သွားတာလေ။"

လူချင်းခြေနှစ်လှမ်းစာလောက်ပဲကွာပြီး Sam ကိုမော့ကြည့်ကာ မျက်မှောင်ကြုတ်ရင်းပြောနေတဲ့ Dean ကို Sam အသည်းယားလာတယ်။ အခုလိုမော့ကြည့်ပြောလာမှ ရှပ်အင်္ကျီကော်လာအောက်မှာ hickeys တွေကိုမြင်လိုက်ရလို့ Sam ပြုံးသွားပြီး

"ထင်းနေသားပဲ။"

"ဘာလဲ။"

Dean ရဲ့လည်ပင်းဆီလှမ်းနေတဲ့ Sam လက်ကို Dean ရိုက်ချလိုက်ပြီး

"နှာဘူးကောင်"

"ကိုယ့်ရည်းစားကိုယ်ဘူးတာ ဘာဖြစ်လို့လဲ။"

Fondly, Lovingly, JealouslyWhere stories live. Discover now