"Dean, ကျွန်တော် Dean ပစ္စည်းတွေကို သိမ်းပြီးပြီ။"
အခန်းထဲဝင်လာတဲ့ Dean က Sam ထုပ်ပိုးသိမ်းဆည်းထားတာတွေကိုကြည့်ပြီး ကိုယ်ရှိန်သတ်သွားတယ်။ တည်းခိုခန်းကနေပြန်ထွက်လာချိန်ကစပြီး ဒီဘက်အိမ်လေးကို ပြန်ဝင်မလာတော့တဲ့ Dean က သူ့အဝတ်အစားတစ်ထပ်ကိုယူပြီး Benny တို့ဘက်ရောက်နေခဲ့တာ အဲဒီနေ့တစ်ရက်လုံးပါပဲ။ ဒီနေ့မှ ပြန်ကြဖို့အတွက် ပစ္စည်းတွေသိမ်းဖို့ အခန်းထဲပြန်ဝင်လာတဲ့ Dean ကို Sam က အဆင့်သင့်ထုပ်ပိုးပြီးကြောင်းပြောခဲ့ပေမဲ့ Dean က ဘာမှပြန်မပြောဘဲ သူ့အထုပ်သူယူပြီး ပြန်ထွက်သွားခဲ့ပါပြီ။
"ဟူး..."
Sam သက်ပြင်းချရုံပဲ တတ်နိုင်ပါတော့တယ်။
အပြန်လမ်းဟာ ဒီကိုလာတုန်းကလို ပျော်စရာမကောင်းခဲ့ပါ။ Benny တောက်လျှောက်မောင်းလာပြီး Dean က ခေါင်းခန်းမှာထိုင်လိုက်တာကြောင့် နောက်ခန်းက Sam ဘာမှမပြောနိုင်ပါ။ ခရီးတစ်ဝက်ကျိုးတော့ လမ်းကဆိုင်တစ်ဆိုင်မှာ ခဏနားကြတော့လည်း Dean ရဲ့အေးစက်စက်အချိုးတွေကြောင့် Sam ဘာမှမပြောရဲ။ Benny နဲ့ Ash ကိုသာစကားပြောတဲ့ Dean ကြောင့် သူတို့နှစ်ယောက်လည်း Dean တို့အတွဲကြား နေရခက်နေပုံ။
"Benny, ရှေ့ဆက်ပြီးဆို ကျွန်တော်လမ်းကြောသိသွားပြီ။ ကျွန်တော်ပဲ မောင်းလိုက်ပါ့မယ်။"
Sam မောင်းမှပဲ Dean လည်း နောက်ခန်းမှာ အေးအေးဆေးဆေးနားနိုင်မှာကြောင့် အားလုံးကခေါင်းညိတ်လိုက်ကြတယ်။ Dean ကတော့ ဘာတစ်ခုမှ ထောက်ခံတာမရှိသလို၊ ကန့်ကွက်တာမရှိ။ ပြဿနာက အိမ်ပြန်ရောက်ခါနီးမှ စပါတယ်။
"ငါ့အိမ်ဘက်ကို မောင်းနေတာလား။"
"Yes. ပြီးမှ Benny အိမ်ခန်းဘက် လှည့်လိုက်မယ်လေ။"
"အေး၊ အဆင်ပြေတယ်။"
Sam နဲ့ Ash ပြောနေသမျှကို အဲဒီအထိဘာမှမပြောတဲ့ Dean က Benny အိမ်မှာလိုက်ဆင်းဖို့ပြင်တဲ့အခါ
"Dean! ဘာလုပ်တာလဲ။"
Sam က ချက်ချင်းလိုက်ဆင်းပြီး Dean ကို တားတော့ Dean ကလက်မခံ။ အထုပ်အပိုးတွေချပြီးသွားတဲ့ Benny ကပဲ
YOU ARE READING
Fondly, Lovingly, Jealously
FanfictionSamDean Fanfic (Myanmar) ▪︎ I fondly imagined that you need me. I lovingly saved the memory. I jealously guarded our story. ▪︎ I own the story but not the characters. All the characters are owned by Supernatural and their creator.