Episode 06

46 5 2
                                    

"Sam, အားလုံးအဆင်ပြေသွားပြီ။ ငါတို့ပြန်လို့ရပြီ။"

"ဘာကိုလဲ။"

"ခြိမ်းခြောက်စာပို့ပြီး ဝန်ကြီးနဲ့မင်းကို အန္တရာယ်ပေးနေတဲ့လူကို ဖမ်းမိသွားပြီ။"

"တကယ်ကြီးလား။ ဒါဆို ဒီအကျယ်ချုပ်လိုဘဝကနေ လွတ်ပြီပေါ့။"

"အေး၊ မနက်ဖြန် ငါတို့ပြန်ကြမယ်။"

"ဒါပေမဲ့..."

အူမြူးနေရာကနေ ချက်ချင်းမျက်နှာညိုကျသွားတဲ့ Sam ကြောင့် Dean က

"ဘာဖြစ်တာလဲ။"

"Dean ဆက်ရှိပေးမှာမဟုတ်လား။"

"ငါတို့အလုပ်က mission အလိုက်သွားတာလေ။ အလုပ်သမားခန့်သလို ထွက်တာတွေ၊ ထုတ်တာတွေနဲ့ ပြီးတာမဟုတ်ဘူး။ ဒီ mission ပြီးရင် ငါတို့အလုပ်ပြီးပြီပဲ။"

"OK. ကျန်တာ ကျွန်တော်ဆက်လုပ်မယ်။"

"Sam?"

ဖုန်းကိုင်ပြီးထထွက်သွားတဲ့ Sam ကို Dean လှမ်းခေါ်ပေမဲ့ Sam လှည့်မကြည့်ပါ။
အတော်လေးကြာတော့ ဝန်ကြီး Mr. Wesson ဆီကနေ Dean ဆီကို ဖုန်းဝင်လာပါတယ်။ လိုအပ်တာတွေကို Dean ပြောပြီးချိန်မှာတော့ Sam ရှိနေတဲ့နေရာဆီ လိုက်သွားလိုက်တယ်။

"အဖေက ဘာတဲ့လဲ။"

"သူ့သား ပရမ်းပတာလေးကိုထိန်းဖို့ ကလေးထိန်းလိုတာဆိုတော့ ဆက်ထိန်းပေးလို့ရမလားတဲ့။ အလုပ်ချိန်နဲ့ အားလပ်ရက်ကိစ္စကိုတော့ အဲဒီကလေးနဲ့ညှိပါတဲ့။ လိုအပ်တာတွေညှိပြီးရင် ဝန်ဆောင်ခကိုပြောပေးဖို့နဲ့ သူတစ်ခါတည်း အကောင့်ထဲကိုငွေလွှဲပေးမှာပါလို့ ပြောသွားတယ်။"

"အဲဒီတော့..."

"Agency နဲ့ညှိပြီးရင် ချက်ချင်းအကြောင်းပြန်ပါ့မယ်လို့ ပြောလိုက်တယ်လေ။"

"ဘာဖြစ်တယ်။ ဘာကို agency နဲ့ညှိမှာလဲ။ ကျွန်တော်နဲ့ညှိရမှာလေ။"

"ငါ့ကိုအလုပ်ချိတ်ပေးတာ ငါ့ agency လေ။ မင်း အလုပ်ပေးထားတာမဟုတ်ဘူး။"

"ထွက်လိုက်၊ အခုထွက်လိုက်။ ခင်ဗျား ဘာမှလုပ်စရာမလိုဘဲ တစ်သက်လုံးထိုင်စားနေလို့ရတယ်။ ကျွန်တော် ရှာကျွေးနိုင်တယ်။"

Fondly, Lovingly, JealouslyWhere stories live. Discover now