စာမစစ်နိုင်တော့လို့ ရေးပြီးတဲ့အတိုင်း တင်လိုက်မိပြီ။ Error တွေ့ရင် တစ်ခါတည်းမန့်သွားပေးကြပါ၊ Please...
■■■
အခြေအနေတွေတည်ငြိမ်သွားလို့ Sam တစ်ယောက် သူ့အိမ်ခန်းဆီပြန်နေရပြီဆိုကတည်းက Dean လည်း အတူတူပါသွားလိုက်တာ ဘယ်လိုမှခွာမရတော့ပါ။
"Sam, တစ်ပတ်ပြည့်တော့မယ်။ မင်း ငါ့ကို အဲဒီလိုပဲဆွဲထားမှာလား။ ငါ ခဏတော့ ပြန်ပါရစေဦး။"
"ပြန်လေ၊ ကျွန်တော်လည်းလိုက်မယ်။"
"ငါ့အလုပ်ကိစ္စရှင်းစရာတွေလည်း ရှိနေတာကို မင်းက ဘာလိုက်လုပ်မှာလဲ။"
"ဘာမှလိုက်မလုပ်ဘူးလေ။ Dean မျက်နှာပဲ လိုက်ကြည့်မှာ။"
"ငါ ခဏပဲသွားမှာကို။"
"ဘာကိုခဏလဲ။ ဒီအိမ်ကိုရောက်ပြီး နောက်ရက်မှာပဲ agency နဲ့ ရှင်းစရာရှိတာလေးတွေသွားပြောမယ်ဆိုပြီး ထွက်သွားလိုက်တာ တစ်မနက်လုံးပဲ။ ဖုန်းဆက်တော့ကျ ဘော်ဒါတွေနဲ့ နေ့လယ်စာစားနေကြသတဲ့။ ဟော၊ နောက်ရက်ကျတော့ ညနေဘက် လိုတာလေးဝယ်ရမယ်ဆိုပြီး ထွက်သွားတာ ရည်းစားဟောင်းနဲ့အဆက်ကျပြီး မိုးချုပ်မှပြန်လာတယ်။"
"အဲဒါ ခဏလေးပဲကော်ဖီဆိုင်ထိုင်တာ သူ့လက်ရှိရည်းစားလည်း ပါတယ်လေ။"
"အဲဒီလက်ရှိရည်းစားကလည်း ခပ်ချောချောကောင်မလေးလေ။ ခင်ဗျားရည်းစားဟောင်းဆိုသည်မှာလည်း ကွေးမှာဖြင့် အစကတည်းကကွေးပါလား။"
"မင်းလည်း bi ပဲကို။"
"အခု ခင်ဗျားက ရည်းစားဟောင်းဘက်ကနေ လိုက်ပြောပေးနေတာပေါ့၊ အဲဒီလိုလား။"
Dean စကားတွေမရှည်ချင်လို့ ဆက်မငြင်းတော့ပါ။ ဒါပေမဲ့ Sam က ပြောမပြီးနိုင်သေး။
"ကျွန်တော်ပြောလိုက်တော့ နှစ်ရက်လောက်ပဲငြိမ်ငြိမ်နေပြီး ငါးရက်မြောက်နေ့ကျ သူငယ်ချင်းစေ့စပ်ပွဲကိစ္စ သွားကူမယ်ဆိုပြီးထွက်သွားတာ တစ်နေကုန်ရော။"
"ဟာ၊ အဲဒါ မင်းကိုလည်း ငါခေါ်တယ်လေ။"
"အဲဒီတစ်နေကုန်လုံး အလုပ်လျှောက်တဲ့ကိစ္စနဲ့ ကျွန်တော်မအားဘူးလေ။"
YOU ARE READING
Fondly, Lovingly, Jealously
FanfictionSamDean Fanfic (Myanmar) ▪︎ I fondly imagined that you need me. I lovingly saved the memory. I jealously guarded our story. ▪︎ I own the story but not the characters. All the characters are owned by Supernatural and their creator.