Episode 03

43 6 0
                                    

ဖျတ်ခနဲနိုးလာတဲ့ Dean အခြေအနေအရပ်ရပ်ကို သတိရသွားတယ်ဆိုရင်ပဲ ချက်ချင်းထထိုင်ပြီး လက်ကနာရီကိုကြည့်လိုက်တော့ ညနေစောင်းနေပြီ။

"Oh my God! Uh-uh..."

သူ့ဘေးမှာ Sam က ခုတင်ပေါ်ခေါင်းတင်ပြီး အိပ်ပျော်လို့။ Dean တစ်ချက်နေရာအရွှေ့မှာ Sam နိုးသွားပြီး

"အာ... နိုးပြီလား။ အိပ်ရေးရောဝရဲ့လား။"

"I... umm... sorry."

"For what?"

"အိပ်ပျော်သွားတယ်။"

"အဟား... အဲဒီလိုအိပ်စေချင်လို့ သေချာလေး ဖယောင်းတိုင်ထွန်းပေးထားတာကို။"

"ဖယောင်းတိုင်..."

"အင်းလေ၊ အိပ်လို့ကောင်းတယ်မဟုတ်လား။ အဲဒီအနံ့က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်လုပ်ပေးတယ်။"

"အဲဒီလို..."

"မလုပ်နဲ့တွေ၊ မလုပ်သင့်ဘူးတွေ၊ တာဝန်ချိန်တွေ၊ ဘာဘာညာညာတွေပြောမနေပါနဲ့။ Club မှာ ကျွန်တော့်ကိုကာကွယ်ပေးခဲ့တာအတွက် ကျေးဇူးတင်ချင်လို့ ခဏလေးနားချိန်ရအောင်လုပ်ပေးတယ်လို့ သဘောထားလိုက်ပါ။ အိပ်ဆေးခတ်တယ်လို့တော့ မပြောနဲ့နော်။ နားချင်တဲ့လူကိုသာ အနားရစေရုံပဲ။ Dean က အိပ်ဖို့လိုနေလို့အိပ်ပျော်တာ။ ကျွန်တော်ကတော့ အဲဒီအနံ့နဲ့ စိတ်ပေါ့ပါးသွားတာပဲ။ ခုနကမှ Dean ကိုစောင့်ရင်း ပျင်းပြီးခဏမှေးတာ။ မဆူနဲ့နော်။"

"ကျေးဇူးတင်ပါတယ်။"

"ဗျာ"

Dean က သက်တောင့်သက်သာပဲ ကျေးဇူးတင်စကားပြောပြီး ခုတင်ပေါ်ကဆင်းသွားလို့ Sam အံ့အားသင့်သွားရတယ်။ ပြီးတော့မှ ပြုံးလိုက်ပြီး ထွက်သွားတော့မယ့် Dean ကို လှမ်းခေါ်လိုက်တယ်။

"Dean"

လည်ပြန်လှည့်ကြည့်လာတဲ့ Dean ကို

"ကျွန်တော် Dean ကို သဘောကျတယ်။"

"အင်း"

သာမန်အတွေးနဲ့ခေါင်းညိတ်ပြီး Dean ပြန်လှည့်လိုက်ပေမဲ့ တစ်ခုခုကိုအတွေးပေါက်မိတော့ ကြောင်တောင်တောင်နဲ့ Sam ကိုပြန်လှည့်ကြည့်လာလို့ Sam ရယ်မိသွားပြီး

Fondly, Lovingly, JealouslyWhere stories live. Discover now