"De..."
လှမ်းခေါ်မိတော့မယ့်နာမည်က Sam နှုတ်ဖျားကနေ အကုန်ထွက်ကျမလာခင် ရပ်သွားခဲ့တယ်။ ကိုယ့်လောင်းကြေးနဲ့ကိုယ် ရှုံးလိမ့်မယ်လို့ Sam မထင်လိုက်မိတာကနေ စမှားခဲ့တာ။ Dean က Sam ရဲ့လောင်းကြေးကိုလက်ခံပေမဲ့ စည်းကမ်းချက်တစ်ခုထုတ်ခဲ့တယ်။
"ကတ်တစ်ကတ်ချဖို့ကို သုံးစက္ကန့်ပဲအချိန်ရမယ်။ ဘယ်လိုလဲ။"
Dean ကိုလျှော့တွက်မိတဲ့ Sam တစ်ယောက် အဲဒီစည်းကမ်းကိုလက်ခံမိပြီးမှ သူ့ထက်အလျင်အမြန်တွက်နိုင်တဲ့ Dean ရဲ့ skill တွေကို လက်ဖျားခါသွားရပါပြီ။ နှစ်ယောက်တည်းဆော့တာဖြစ်လို့ ဘယ်သူ့ဆီမှာ ဘယ်ကတ်ရောက်နေတယ်ဆိုတာကို မှန်းဆဖို့ပိုလွယ်လာပေမဲ့ သုံးစက္ကန့်အတွင်းဆုံးဖြတ်ပြီး ချသွားတဲ့ကတ်တွေမှာ Sam က Dean လိုမျိုး အမှားကင်းအောင်မလုပ်နိုင်ခဲ့လို့ double (စုံကတ်)တစ်ကတ်ချမရဖြစ်သွားတဲ့အခါ
"Crap!"
"Yahoo..... I won!"
"တွက်တာ အရမ်းမြန်တာပဲ။"
"အပိုတွေမပြောနဲ့။ အခုကစပြီး (၂၄) နာရီတိတိ မလိုအပ်ဘဲ Dean ဆိုတဲ့နာမည်ကိုမခေါ်ရဘူး။ အချိန်မစေ့ခင် မလိုအပ်ဘဲခေါ်မိတာနဲ့ ခေါ်လိုက်တဲ့အချိန်ကနေ (၂၄)နာရီကိုပြန်စမှတ်မယ်။"
"ဟာ..."
"ဘယ်သူစတဲ့လောင်းကြေးလဲ။"
"Damn it! OK."
"ဟား ဟား... ဘာကိစ္စစူပုပ်နေတာလဲ။ သိပ်ပြီး ခက်ခက်ခဲခဲတွေခိုင်းမိသွားလား။"
"စမှတ်လိုက်တော့ အဲဒီ (၂၄)နာရီကို။"
"OK."
အဲဒီကနေစလို့ Sam အတွက်တစ်ရက်တာက ခက်ခဲသွားပါတော့တယ်။ မခေါ်ရဘူးဆိုမှ သူဘယ်လောက်ခေါ်မိနေတယ်ဆိုတာကို ပြန်တွက်မိသွားသလို သူ့အတွက် Dean ကို ဘယ်လောက်လိုအပ်သလဲဆိုတာ သိလိုက်ရပါပြီ။ သုံးနာရီလောက်သည်းခံပြီးချိန်မှာ Dean သူ့အနားရောက်လာပြီး ဖုန်းကိုကိုင်ရင်း တစ်ခုခုပြောဖို့ပြင်နေတယ်။
"ဘာပြမလို့လဲ။ ပေါက်ကရတွေဆို မကြည့်ဘူးနော်။"
Sam စကားကြောင့် Dean က ဂြိုဟ်ကြည့်ကြည့်လာပြီးမှ
YOU ARE READING
Fondly, Lovingly, Jealously
FanfictionSamDean Fanfic (Myanmar) ▪︎ I fondly imagined that you need me. I lovingly saved the memory. I jealously guarded our story. ▪︎ I own the story but not the characters. All the characters are owned by Supernatural and their creator.