Episode 05

43 6 4
                                    

"Dean! Dean? Hey, wait!"

အခန်းထဲကထွက်သွားတဲ့ Dean နောက်ကို Sam ပြေးလိုက်ပြီး

"နေဦး၊ အဲဒါအဖြေပေးသွားတာလား။"

"အေး"

လှည့်မကြည့်ဘဲဆက်သွားရင်းပြန်ဖြေတဲ့ Dean ရဲ့ကျောပြင်ကို Sam ပြေးဖက်လိုက်တယ်။

"အင့်... ဘယ်လိုဖြစ်နေတာလဲ။ မင်းကိုယ်ကြီးနဲ့ အတင်းတွေ..."

ဖက်ထားတဲ့ Sam ခန္ဓာကိုယ်ဆီကနေ တုန်ခါမှုကိုခံစားရတာကြောင့် Dean ပြောလက်စစကားတွေ ရပ်သွားတယ်။

"Sam, ဘာဖြစ်တာလဲ။"

ပိုပြီးတုန်ခါလာလို့ Dean က လူချင်းခွာဖို့လုပ်ပေမဲ့ Sam က အတင်းဖက်ထားတာကြောင့် Sam ရဲ့ back hug မှာ Dean လှုပ်မရ။

"Sam? Are you crying? Hey!"

Dean အတင်းရုန်းထွက်ပြီး Sam ဘက်လှည့်ကြည့်လိုက်တော့ Sam ဒူးထောက်ကျသွားပြီး Dean ခြေထောက်ကိုဖက်ထားရင်းက ဗိုက်မှာမျက်နှာအပ်ထားတာ ပြန်မော့မလာ။

"Sam, ခေါင်းမော့ဦးလေ။ ဘာဖြစ်တာလဲ။"

"ဟင့်... ပျော်လို့။"

"ဟား ဟား... ခေါင်းမော့ဦးလို့ ပြောနေတယ်လေ။"

ခေါင်းမော့ကြည့်လာတဲ့ Sam က မျက်ရည်တွေနဲ့။

"ကလေးကလားနဲ့ အဲဒါဘာဖြစ်တာလဲ။ ဖက်ထားတာလွှတ်ဦး။ ငါ လဲတော့မယ်။"

"အဖြေပြန်ပေးမယ်လို့ မထင်ထားလို့။ အခြေအနေတွေတည်ငြိမ်သွားလို့ Dean သာ အဖေ့ဆီကအလုပ်ထွက်သွားရင်၊ Dean က တခြားလူတစ်ယောက်ယောက်နား ရောက်သွားမယ်ဆိုရင်၊ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်နဲ့ တွဲလိုက်ရင်... မဟုတ်ဘူး၊ Benny နဲ့... Lee Webb နဲ့ဖြစ်ဖြစ် တွဲလိုက်ကြမယ်ဆိုရင်လို့ တွေးလိုက်မိရင်ကို ကျွန်တော်ရင်တွေပူလွန်းလို့ အိပ်မရဘူး။"

"မင်း ဘာတွေတွေးနေတာလဲ Sam?"

"မသိတော့ဘူး။ Dean ကျွန်တော့်အနားမရှိတော့ရင်လို့ တွေးမိတော့..."

Sam က သူ့ခြေဖဝါးတွေပေါ်သူထိုင်ချပြီး လက်တွေက ဘေးကိုကျသွားတယ်။ Dean ကလည်း Sam ရှေ့မှာထိုင်ချလိုက်ပြီး

Fondly, Lovingly, JealouslyWhere stories live. Discover now