" မားမားရယ် မဟုတ်သေးပါဘူး သားက သူနဲ့ယူတောင်မယူရသေးဘူး သူရှိတဲ့ဆီ လိုက်နေရတာကြီးက မဟုတ်သေးပါဘူး"
"အို သွားနေရမှာပေါ့ သားဂယူဗင်းက မအားဘူးလေ အဲ့တော့ သားကလိုက်သွားရမှာပေါ့"
"သားကရော အားယားနေလို့လို့လား မေမေရယ် သားလည်းအလုပ်နဲ့ပါပဲ"
မြင်တောင်မမြင်ရသေးတဲ့ သူဘက်ကနေပါနေတဲ့ မာမားကိုလည်း ကြည့်မရတော့ဘူး။
"သားကအလုပ်နဲ့ဆိုပင်မဲ့ သားအတွက်လည်းကိုအဆင်မပြေဘူးလား ။ဟိုမှာတောတောင်သဘာဝအလှတရားတွေအများကြီးရှိတယ် ။သားအတွက်ပိုအဆင်မပြေဘူးလား"
"ဒါပင်မဲ့ မားရယ် သူ့ဆီသွားနေဖို့ထိကျတော့...."
" ဘာမှမဖြစ်ပါဘူးကွယ် အစ်မကင်မ်ကိုယ်တိုင်က သားကိုလာနေဖို့ လိုလိုလားလားဖိတ်ခေါ်ခဲ့တာလေ။မားနဲ့ပါးက ငြင်းလိုက်ရင် ဘယ်ကောင်းမလဲကွယ် ။မဟုတ်ဘူးလား"
"ကြိုသွားထားတော့ သားနဲ့ ဂယူဗင်းလေးတို့ တစ်ယောက်ကိုတစ်ယောက် လေ့လာလို့ရတယ်လေ ။လက်မထပ်ခင် တစ်ယောက်အကြောင်း တစ်ယောက်သိထားတော့ ပိုမကောင်းဘူးလားကွယ်"
"မာမားတို့က အကုန်စီစဉ်ပြီးမလား သားငြင်းနေလည်း အလကားပဲလေ"
စာပွဲပေါ်မှာ ရထားလက်မှတ်ကိုမြင်လိုက်ကတည်း သွားကိုသွားရတော့မှာပေါ့ ။မဟုတ်လည်း သူမှမငြင်းနိူင်တာ။
.
.
.
မနက်သွားဖို့ ညကတည်းပြင်ဆင်နေတုန်း အခန်းတံခါးခေါက်သံကြောင့်...."ဝင်ခဲ့ပါ တံခါးဖွင့်ထားတယ် ''
အခန်းထဲဝင်လာတဲ့ ပါးပါးနဲ့မားမားရယ် ပြီးတော့ ငယ်မ လက်ထဲမှာ luggage ကြီးနဲ့ ချစ်ဖို့ကောင်းလိုက်တာ ငါ့ညီမလေးက ကောနဲ့ အတူတူလိုက်လာပေးလို့ ကျေးဇူးပါ.....
"ကောကောအတွက် ဒါကသမီးလက်ဆောင် ''
Wait.... why လက်ဆောင် ဘာလဲဟ...
"ဘာကြီးလဲ ''
"ဟိုမှာကျတော့ ကောကြိုက်တဲ့ မုန့်တွေဝယ်ရခက်နေမှာလေ အဲ့တာကြောင့်မို့ ညီမလေးက ကောအကြိုက်တွေကို အပြည့်ထည့်ထားတယ် ''
