မနက်မိုးလင်းရင် ရစ်ခီအခန်းကို ခိုးဝင်ကြည့်ရတဲ့အလုပ်တစ်ခုတိုးလာသည်။နေရောင်စူးလို့ထင်ပါရဲ့ မျက်မှောင်ကြုတ်သွားတာကြောင့် ခြေသံဖွကာ တံခါးကိုအသာပိတ်ပေးပြီး အခန်းထဲထွက်လာခဲ့လိုက်သည်။အောက်ထပ်ဆင်းကာ ကော်ဖီရယ် ပေါင်မုန့်တစ်ချပ်နဲ့စားပြီး ဧည့်ခန်းထဲ စာထိုင်ဖက်နေလိုက်သည်။
အပေါ်ထပ်က ဆင်းလာတဲ့ အဖြူရောင်ပုံရိပ်လေးတစ်ခု.... အင်္ကျီရောဘောင်းဘီပါ အဖြူရောင်လေး ဝတ်ထားတာကြောင့် ဖြူဥနုဖက်နေသည်။မီးဖိုခန်းဝင်သွားပြီး ပြန်ထွက်လာကာ....
"ဘာမှလည်း စားစရာမရှိဘူး ''
"အေးလေ ထူးဆန်းလို့လား အိမ်မှာ မင်းနဲ့ငါဘဲရှိတာလေ ''
"အဲ့တော့ ''
သိသိရက်နဲ့လာရစ်နေတဲ့ ရစ်ခီကို ကိုင်ပေါက်ချင်စိတ်ပေါက်လာသည်။
"အဲ့တော့ ဘာမှမရှိဘူးလေ....။ ရစ်ခီ မင်းထမင်းဟင်း ချက်တက်လား ''
"ဘာလို့မေးတာလဲ ''
ကြော်စားဖို့မေးနေတာ ဟုတ်တယ် သိချင်လိုမေးတာပေါ့ဟ....
တကယ် ဘယ်လိုကပ်သီးကပ်ဖဲ့နိူင်မှန်းမသိ။"နဲနဲပါးပါးချက်တက်တယ် ''
မျက်ခုံးတစ်ချက်ပင့်ကာ ဟန်ပါပါပြောနေပုံက မသိရင် နိူင်ငံကျော် စာဖိုမှူးလိုလို.....
"ဒါဆိုကောင်းတာပေါ့ နေ့လည်စာကို ငါသူငယ်ချင်းတွေ လာစားမှာ မင်းချက်ထားလိုက်....''
"ဘာ...ဘာလို့ငါကချက်ပေးရမှာလဲ ''
"မင်းကငါမိန်းမမို့လို့လေ ''
"ရူးနေလို့မိန်းမလား ''
"မဟုတ်လို့လား ငါပြောတာ ငါကအိမ်ထောင်ဦးစီး ပိုက်ဆံရှာတယ် မင်းက အိမ်မှာဘဲ စားလိုက်အိပ်လိုက်နဲ့လေ မဟုတ်ဘူးလား ခင်ပွန်းလေးရဲ့''
"လူယုတ်မာကောင် ခင်ဗျားဘာစကားပြောတာလဲ စကားပြောဆင်ခြင်လိုက် ခင်ဗျားကိုဘယ်သူကပိုက်ဆံရှာခိုင်းလဲ ကျွန်တော်ကရောခင်ဗျားဆီကလက်ဖြန့်တောင်းနေလို့လား ပြီးတော့ ကျွန်တော်ကိုမိန်းမနေရာမထားနဲ့ ကျွန်တော်ကြိုက်ဘူး ''
