4

340 57 2
                                    

လမ်းတစ်လျှောက်လုံး ဘေးကနေစကားတစ်ခွန်းတောင် မပြောပဲ အိပ်လိုက်လာတဲ့သူက အခုလည်း အိမ်ရောက်ခါနီးမှနိူးလာကာ အပျင်းကြောတောင်ဆန့်နေလိုက်သေးသည်။

"ဘာကြည့်တာလဲ ခင်ဗျက ''

ကိုယ်က သူ့ကို စိုက်ကြည့်နေမိတာကြောင့် လှမ်းရန်ထောင်နေပုံက ခေါင်းထုချင်စရာ....

"ဘာမှမဟုတ်ဘူး...''

အိမ်ရောက်တော့ အတော်မိုးချုပ်နေပြီဖြစ်သည်။အမေကိုနှုတ်ဆက်ပြီး အခန်းထဲသာနှစ်ယောက်သားတန်းဝင်ရတာ့သည်။ဂယူဗင်းခန္ဓာကိုယ်တစ်ခုလုံးလည်း ညောင်းနေပြီလေ။

"ငါအရင်ရေချိုးလိုက်မယ် မင်းအိတ်တွေကို ဂျန်ထယ် အခန်းထဲထည့်ထားပေးတယ်တဲ့ မင်းအဝတ်စားတွေဘီဒိုထဲထည့်ချင်ရင် မနက်ဖြန်မှပဲ စီစဉ်တော့"

ဂယူဗင်းရေချိုးခန်းထဲ ဝင်သွားပြီဆိုမှ အခန်းကို စပ်စုခန်းဝင်ပါပြီ နယ်မြို့လေးဖြစ်တာကြောင့် ကျွန်းသားတွေတည်ဆောက်ထားတဲ့ သစ်သားအိမ်ကြီး ထိုလူအခန်းကအတော်အတန်ကျယ်သည် ဂယူဗင်း ကုတင်ရဲ့ ခြေရင်းဘက်နားမှာ တံခါးပေါက်ရှိနေတာကြောင့် သူလစ်ခနဲ ဖွင့်ကြည့်လိုက်တော့ နှင်းဆီပန်းစီးခြောက်တွေ အင်္ကျီတွေ ပန်းချီကားတစ်ချို့ရယ်.... ကင်မရာတစ်လုံးရယ် တစ်ရှူးစတွေ သီချင်းစာရွက်တွေ ပြီးတော့ ဆွဲကြိုးလေးတစ်ကုံးရယ် ပန်ချီကားတစ်ချပ်ကိုတော့ ပိတ်စအဖြူနဲ့ ဖုံးအုပ်ထားတာကြောင့် သူ့အနားတိုးသွားရင်း ဖွင့်ကြည့်ဖို့လုပ်နေတုန်း လက်ကနေလှမ်းဆွဲလိုက်ကြောင့်

"မင်းဘာလုပ်တာလဲ ''

"ဘာလုပ်လို့လဲ ဘာလို့လာအော်နေတာလဲ ''

ဂယူဗင်းအော်လိုက်တော့ သူထပ်မလျှော့တဲ့ အော်သံနဲ့ ပြန်အော်လာတဲ့ ရစ်ခီ။

"မင်းလူမှုရေးစိတ်မရှိဘူးလားဟမ် ''

လက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားပြီး ဒေါသထွက်နေတဲ့မျက်နှာထားနဲ့ အကြည့်စူးစူးတွေနဲ့လာအော်နေတာကြောင့် ရစ်ခီ တော်တော်ကိုစိတ်တိုလာသည် ။

"ဘာ ''

"မဟုတ်လို့လားဟမ် ဝင်မယ်ဆိုလည်း မေးမြန်းဝင်လေ ဘာလို့ သူများအခန်းကို မင်းအပိုင်အခန်းလို လျှောက်သွားနေတာလဲ''

Between Us Where stories live. Discover now