မနေ့ညက ကိစ္စကြောင့် ရစ်ခီဂယူဗင်းကိုမကြည့်မိအောင်နေသလို ၊ ဂယူဗင်းကလည်း ရစ်ခီကို မရှိသလိုသဘောထားကာ မနက်စာကို အေးဆေးစားနေသည်။သူတို့နှစ်ဦးကို အကဲခတ်နေတဲ့ မေမေကိုတော့ နှစ်ယောက်လုံး သတိမထားမိ။
"ကျွန်တော်စားလို့ပြီးပါပြီ "
ဘေးခုံမှာ တင်ထားတဲ့ ဂျူတီကုတ်နဲ့ ကားသော့ကိုဆွဲကာ ထထွက်သွားတဲ့ သားဖြစ်သူကို ကင်မ်မီဆိုးလိုက်ကြည့်နေမိသည်။သားမက်ဖြစ်သူကလည်း တစ်ချက်တောင်မော့ကြည့်မလာ။
ဒီနှစ်ယောက် တစ်ခုခုဖြစ်ထားတာတော့ ကင်မ်မီဆိုးသတိထားမိသည်။
"ကျွန်တော်လည်း စားလို့ပြီးပါပြီဗျ"
သားရစ်ခီထမင်းစားခန်းထဲက ထွက်သွားမှ ဘေးနားမှာမတ်တပ်ရပ်နေတဲ့ အဒေါ်ကြီးကို အစ်မေးရသည်။
"အဒေါ်ကြီး သိတယ်မလား သူတို့နှစ်ယောက် ဘာဖြစ်ထားတယ်ဆိုတာ"
"ဟို ကျွန်မလည်း သေချာတော့မသိပင်မဲ့လေ အကိုလေးနဲ့ သားဂယူ အခန်းခွဲအိပ်ပုံရတယ် ။မနေ့က အကိုလေးက သားဂယူရဲ့အခန်းသေးလေးထဲက ပစ္စည်းတွေကိုရှင်းပြီး ဂျန်ထယ်ကို လွှတ်ပစ်ခိုင်းတယ် မမကြီးရဲ့"
"ဘယ်လို သားရစ်ခီကလား "
"ဟုတ်တယ် မမကြီးရဲ့ သားဂယူပြန်ရောက်တော့ သိပြီး စကားများကြပုံပေါ်တယ် ။ခဏနေတော့ သားဂယူက ပစ္စည်းတွေပြန်ကောက်သွားကို အကိုလေးက ပြတင်းပေါက်က လှမ်းကြည့်နေတာကို ကျွန်မတွေ့လိုက်တယ်"
"ရစ်ခီလေးမှန်တယ် အခုချိန်မှာ သားရစ်ခီက ကင်မ်ဂယူဗင်းရဲ့ တစ်ဦးတည်းသော သက်ဆိုင်သူပဲလေ မလိုအပ်တဲ့အမှိုက်တွေ ရှင်းထုတ်ပစ်တာကို ကျွန်မတော့ သိပ်သဘောကျတယ် "
"မမကြီးရယ် သားဂယူနဲ့ အကိုလေး အဆင်ပြေပါ့မလား ကျွန်မဖြင့်စိတ်ပူလိုက်တာ"
"အဆင်မပြေလည်း ကျွန်မကတော့ အဆင်ပြေအောင် နည်းမျိုးစုံနဲ့လုပ်ရမှာပဲ သားရဲ့ တစ်ဦးတည်းသော သက်ဆိုင်သူက ရှန်ရစ်ခီဆိုတဲ့ ကျွန်မသားမတ်ပဲဖြစ်ရမယ်"
"ဒီလိုလုပ်လို့ သားရစ်ခီအပေါ် မတရားမှန်းသိပင်မဲ့ ကျွန်မဆက်လုပ်နေရမှာပဲ"