"သားဂယူ ဒီနေ့မေမေ အရေးကြီးကိစ္စနဲ့ စံအိမ်ကို ခဏပြန်စရာရှိတယ် အဲ့တာ သားစောစောပြန်လာခဲ့"
ဂယူဗင်းကားပေါ်တက်ခါနီး အိမ်ထဲကနေအမြန်ထွက်လာပြီး စောပြန်လာဖို့ မှာနေသည်။
"ဟုတ်ကဲ့ မေမေ ။မေမေတို့ ဘယ်ချိန်လောက်လောက်သွားမှာလဲ "
"1နာရီလောက်သွားဖို့တွေးထားတယ်သား"
"ဟုတ်ကဲ့ ကျွန်တော် ထမင်းစားချိန်အမှီပြန်လာခဲ့ပါ့မယ်"
"ဟုတ်ပြီသား"
.
.
."ဂျန်ထယ်.. မင်းအားလား ''
ရစ်ခီ ခြံထဲမှာ စာအုပ်ဖတ်နေတုန်း အိမ်နောက်ပိုင်းက ပြန်လာတဲ့ ဂျန်ထယ်ကိုတွေ့တာကြောင့် အားရဝမ်းသာ လှမ်းမေးလိုက်သည်။သူဒီမှာနေရတာ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ အချိန်ကုန်နေတာ။ကြာတော့ ပျင်းလာပြီ။
"ဟုတ် အကိုလေး အားတယ်ဗျ ဘာခိုင်းချင်လို့လဲဟင် ''
"ဘာမှမခိုင်းပါဘူးကွာ ငါနဲ့စျေးထဲ မုန့်သွားစားရအောင် ငါကလမ်းသိပ်မကျွမ်းလို့ ''
"အော် ဟုတ်ကဲ့ အကိုလေး အဲ့တာဆို ကျွန်တော် အဝတ်စားသွားလဲလိုက်အုံးမယ် ''
"အေးအေး ''
သူအနားကလစ်ခနဲပြေးထွက်သွားတဲ့ ဂျန်ထယ် ။ကြည့်ရတာ ဒီကောင်လေးလည်း အပြင်ထွက်လည်ချင်ပုံပေါ်တယ် ။
"အကိုလေး သွားရအောင်လေ ''
"စက်ဘီးနဲ့သွားမှာလား ''
"ဟုတ်ကဲ့ ကျွန်တော်တင်နင်းပါ့မယ် ''
"အေးအေး..''
စက်ဘီးနောက်ကထိုင်လိုက်ရင်း ဘေးဖက်က လယ်ကွင်းတွေရယ် စိမ်းစိုနေတဲ့သစ်ပင်ကြီးရယ် လှပလွန်းတယ်... မြို့ပြလို့ ကားတွေရှုပ်ရှုက်ခတ်မနေပါပဲ သဘာဝအလှတွေနဲ့သာ ပြည့်နှက်နေတဲ့ နေရာလေးပင်ဖြစ်သည်။
ဒီလိုနေရာလေးမှာ စက်ဘီးလေးကို ကိုယ်တိုင်နင်းပြီး သီချင်းလေးတွေညည်းဆိုနေရင် ဘယ်လောက်ပြည့်စုံလိုက်မလဲ.....
"ဂျန်ထယ် စက်ဘီးရပ် စက်ဘီးရပ် ဟိုမှာ တွေလား ငုဝါပန်းတွေ လှတယ်တွေ့လား ''
