အပိုင်း-11

2.1K 213 27
                                    

'မှူးလေး ဘာလုပ်ချင်တယ်လို့စဥ်းစားထားလဲ'

ဘွားဘွားနဲ့အတူခြံထဲမှာလမ်းဆင်းလျှောက်တုန်းကဘွားဘွားကမေးသည်

'မှူးအရင်ကတော့ကော်ဖီဆိုင်မှာအလုပ်လုပ်ဘူးတော့ ဖျော်နည်းဘာညာတွေရတယ် ကိတ်တွေပဲမလုပ်တတ်သေးတာ အာ့ကြောင့်  မှူး မုန့်ဖုတ်သင်တန်းတက်ချင်တယ်ဘွားဘွား ဒါမှနောင်ကျဆိုင်ဖွင့်ရင် မှူးကိုယ့်ဘာသာအကုန်လုပ်လို့ရမှာ'
'ဒါဆိုဘွားဘွားသင်တန်းစုံစမ်းထားလိုက်မယ် မှူးလေး တတ်ချင်တဲ့သင်တန်းတွေ့ရင်လဲဘွားဘွားကိုပြော  နော်'
'ဟုတ် ဘွားဘွား'

ဘွားဘွားနဲ့လမ်းလျှောက်နေတုန်း ခြံထဲကိုအန်တီ့ရဲ့ကားဝင်လာတာကိုတွေ့ရသည် မှူး သွားကြိုဖို့ခြေလှမ်းလှမ်းလိုက်ပေမဲ့ ကားနောက်ခန်းကနေ  အန်တီနဲ့အတူအန်တီစုရီထွက်လာသည် အန်တီစုရီရဲ့လက်က အန်တီ့လက်မောင်းကိုချိတ်ဆွဲထားပြီး နောက်တစ်ဖက်ကအန်တီ့အိတ်ကိုကိုင်ထားပေးတာမို့ မှူး သွားကြိုဖို့မလိုတော့ဘူးထင်ပါရဲ့

'အဘွား  နေမကောင်းသေးတာကိုလမ်းထွက်လျှောက်နေတယ် လေစိမ်းတွေမိပြီးပြန်ဖျားမှဖြင့်နော်'
'အခန်းထဲပဲနေရတာမွန်းကြပ်လာလို့ပါ မှူးလေး စုရီလက်ထဲကလွှာ့အိတ်ကိုယူပြီး လွှာ့ကိုခေါ်သွားတော့လေ'
'ဟုတ် ဘွားဘွား'
'မှူးကိုအိတ်ပေးပါ အန်တီစုရီ'
'ဪ အင်း ရော့'

ခြံထဲမှာဖြစ်ခဲ့တဲ့ကိစ္စကြောင့် အန်တီကမှူးကိုခုထက်ထိစကားကောင်းကောင်းမပြောသေးပါ

'အန်တီရေချိုးတော့မလား'

မှူးမေးတာကိုမဖြေပဲ ရေချိုးခန်းထဲတန်းဝင်သွားတဲ့အန်တီ
မှူးလဲအလိုက်သိစွာနဲ့ အန်တီရေချိုးပြီးရင်ဝတ်လို့ရအောင်အင်္ကျီအသင့်ထုတ်ထားပေးကာ ထိုင်စောင့်နေလိုက်သည်

'ဂျောက်'

တံခါးဖွင့်သံနဲ့အဆုံးမှာ အန်တီရေချိုးခန်းထဲကထွက်သည်
ပုဝါအဖြူကိုကိုယ်မှာပတ်ထားပြီး ခေါင်းမှာလဲပုဝါပတ်ထားသည် ခေါင်းလျှော်လာသည်ထင်သည်
အန်တီကခုံမှာထိုင်ရင်း ခေါင်းကပုဝါကိုဖြေချလိုက်တော့ မှူးကအလိုက်သိစွာနဲ့ ထိုပုဝါကိုယူကာလျှော်မဲ့အထဲထည့်ရင်း ပုဝါအသစ်နဲ့ခေါင်းသုတ်ပေးလိုက်သည် အန်တီကဘာမှမပြောပဲမျက်လုံးကြီးမျက် လက်ကြီးပိုက်ကငြိမ်ငြိမ် လေးထိုင်နေသည် ဆံပင်ခြောက်သွားတော့ မှူးအဆင်သင့်ထုတ်ပေးထားတဲ့ကုတင်ပေါ်ကအင်္ကျီကိုယူပြီးအဝတ်လဲခန်းထဲဝင်သွားသည် ခဏအကြာကြယ်သီးတပ်ရင်းပြန်ထွက်လာတဲ့အန်တီ မှူးပြေးသွားကာကြယ်သီးကိုအလိုက်သိကူတပ်ပေးရင်း

Lovestop(Complete)Where stories live. Discover now