~ နူးညံ့မှု ~

148 34 34
                                    

ဆောင်းချန်ရဲ့ ကော်လံရှပ်အဖြူက ဝွန်ဘင်းအတွက်တော့ ပေါင်လယ်လောက်ထိ ရှည်ကျ​နေပြီး လက်ဖျားတို့ထိ ဖုံးအုပ်ထားနိုင်သည် ..

'' ကိုယ် နောက်ဆို ဘေဘီ့အတွက် အင်္ကျီတွေ ဝယ်ထားပါ့မယ် ´´
'' မလိုပါဘူး ရပါတယ် ´´

'' လိုတာပေါ့ .. ´´
'' မလိုဘူးလို့ ´´

ဆောင်းချန်က ဝွန်ဘင်းရဲ့ ရေစိုနေသည့် ဆံပင်တွေကို လက်နဲ့တောက်လိုက်ပြီး ရယ်မောလိုက်တော့ ဝွန်ဘင်းလည်း ရယ်မိသည် ..

'' ဒီမှာလာထိုင် ဆံပင်တွေ အခြောက်ခံပေးမယ် ´´

ဆောင်းချန်က ဝွန်ဘင်းကို ကိုယ်လုံးပေါ် မှန်ရှေ့မှာ ထိုင်စေပြီး ဆံပင်တွေကို Dryer နှင့် မှုတ်ပေးရင်း သူ့ဆံပင်တွေကိုပါ ဆက်မှုတ်လိုက်သည် ...

'' အစ်ကို့ကို ဖုန်းဆက်ဖို့လိုသေးလား ´´
ဆောင်းချန်ကပြောတော့ ဝွန်ဘင်း ခေါင်းခါလိုက်သည် ..

'' ဒါဆို အိမ်ပြန်လိုက်ပို့ပေးရမလား ´´
ဆောင်းချန်ရဲ့ဒီစကားက ဝွန်ဘင်းအတွက် ထူးဆန်နေသယောင် ပြန်ကြည့်နေမိကာ ..

'' အစ်ကိုက ဒီနေ့ ..
ဝွန်ဘင်းက ​စကားကိုလွှဲလိုက်ပြီး

'' သူ ဒီနေ့ အလုပ်အရမ်းရှုပ်မှာ မအားဘူးရယ် မနှောက်ယှက်ချင်ဘူး သူသာသိရင် မလွယ်ဘူး ´´

တစ်ကယ်တော့ ဒီနေ့က အွန်းဆော့ရဲ့ စွမ်းအင်သိုလှောင်ခြင်းနှင့်မှတ်တမ်းတင်ခြင်းနေ့ပါ

နှစ်တစ်နှစ်ရဲ့နောက်ဆုံး ဒီဇင်ဘာလအတွင်း လမကုန်ခင် တစ်ပတ်အလိုထိ ဒါကို မဖြစ်မနေ လုပ်ဆောင်ရမှာမလို့ ရွေးချယ်လိုက်သည့်နေ့တွင် ဘယ်သူနဲ့မှ တွေ့ဆုံခြင်း ပြုလုပ်လို့မရ

( အသေးစိတ် မ​ထည့်တော့ပါ )

ဝွန်ဘင်းက ဒီအကြောင်းအရာကို ပြောမရ၍ စကားရှောင်လိုက်ပြီး လှည့်ပြောလိုက်သည် ..

ဝွန်ဘင်းက တစ်ဖက် universe ရဲ့ လာရောက်တွေ့ဆုံခြင်းကို ခံထားရသူဖြစ်သဖြင့် အွန်းဆော့က သေချာပြောပြထားရသည်

အွန်းဆော့ရဲ့အကြောင်းကို ဝွန်ဘင်းကလွဲပြီး သိသည့်သူ မရှိသေးပေ ..

Dear Pain ( Completed ) Où les histoires vivent. Découvrez maintenant