အပိုင်း-12

2.2K 208 17
                                    

မီးဖိုခန်းထဲမှာမနက်စောစောအလုပ်ရှုပ်နေတဲ့မှူး
သင်တန်းကနေသင်ကြားထားတာတွေကိုအသုံးချပြီး ချစ်ရတဲ့အန်တီ့အတွက်ကိုယ်တိုင်ကိတ်မုန့်လုပ်ရင်းအလုပ်ရှုပ်နေသည်

'ကျစ် ဒီဆံပင်ကတော့'

တစ်ခါတစ်လေမျက်နှာပေါ်ကျလာတဲ့ရှေ့ဆံပင်လေးတွေကို လက်နဲ့ဖယ်ဖယ်နေရတာကြောင့်မျက်မှာလက်ကဂျုံမှုန့်တွေပေနေသည်

'ဘာလုပ်နေတာလဲ'

နောက်ကနေမှူးရဲ့ခါးကိုဖက်လာပြီးမေးတဲ့အန်တီ

'နိုးပြီလား မှူးကခဏနေရင်လာနှိုးတော့မလို့'
'တို့ကရေတောင်ချိုးပြီးပြီအချစ်ရဲ့'

မှူးလှည့်ကြည့်လိုက်သည် ဟုတ်ပါရဲ့အန်တီကရေမိုးချိုးပြီးရုံသာမက အလုပ်သွားဖို့ကိုတောင်ပြင်ဆင်ပြီးသွားပြီ
ဒီနေ့တော့ အန်တီကအဖြူရောင်pantနဲ့အဖြူရောင်shirtလက်ရှည်လေးဝတ်ထားပြီး လည်ပင်းမှာတော့တိမ်ပုံစံလော့ကတ်လေးနဲ့ဆွဲကြိုးအပါးလေးကိုရိုးရှင်းစွာဝတ်ဆင်ထားသည်

'အလှနတ်ဘုရားမတစ်ပါးကလမ်းမှားပြီးများ မှူးရှေ့ကိုရောက်လာတာများလား'

မှူးရဲ့စကားကိုအန်တီကသဘောကျစွာရီသည်

'တကယ် အန်တီသာအတောင်ပံသာပါရင်တကယ့်နတ်သမီးပဲ'
'တို့ကလူပါကွယ် အရမ်းလှတဲ့လူ'
'မဟုတ်ပါဘူး အန်တီကနတ်'
'ပြောပါဦး တို့ကဘာနတ်လဲ ဂျေဒိုးနပ်လား ကိုးကိုးနပ်လား'
'မှူးရဲ့အိမ်ဦးနတ်'
'ရှင်လေးသိပ်တတ်'

အန်တီကမှူးရဲ့ပါးလေးတွေကိုခပ်ဖွဖွဖျစ်ရင်းနှဖူးကပေနေတဲ့ဂျုံမှုန့်​လေးတွေကိုလဲဖယ်ပေးသည်

'အန်တီ'
'ရှင့်'
'ချစ်တယ်'

အန်တီကမှူးရဲ့စကားကိုသဘောကျစွာပြုံးရင်း မှူးနှုတ်ခမ်းကိုရုတ်တရက်နမ်းလိုက်သည်

'Morning kiss အားဆေးယူတာ'
'အန်တီကလဲ...'
'ကဲ ဒါဆိုတို့အလုပ်သွားတော့မယ်'
'ဟင် cakeလေးလုပ်ထားတာစားသွားဦးလဲ ကော်ဖီလဲဖျော်ပေးထားတာကို'
'Meeting ရှိတယ်ပေါက်စနရဲ့'
'ဒါဆိုနေဦး'

မှူး ကိတ်ကိုဘူးလေးထဲထည့်ပြီး ကော်ဖီကိုတော့အပူခံအဖုံးပိတ်ခွက်လေးနဲ့ထည့်ပေးလိုက်သည်

Lovestop(Complete)Where stories live. Discover now